


ယူနီကုဒ်ဖြင့်ဖတ်ရန်

အလုပ်တွေပြီးပြီးချင်းပဲ ကျန်းမာရေးဝန်ထမ်း အယောက် (၂၅၀) အတွက် ညနေစာအမှီလေး သွားရောက်လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

ချစ်စရာကောင်းတဲ့အပြင် သွက်လက်ချက်ချာလွန်းတဲ့ မိန်းကလေး ဖြူဖြူထွေးကို လူကြီး၊ လူငယ် ပရိသတ်တိုင်း ချစ်ခင်ပြီးသား ဖြစ်မှာပါ။ ဖြူဖြူထွေးက တက္ကသိုလ်ကျောင်းကပွဲကနေတဆင့် လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့တဲ့ ဖြူဖြူထွေးဟာ အခုဆို တီဗီကြော်ငြာတွေ သီချင်း MTV တွေမှာလဲ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ ပကာသနမရှိတဲ့ အရိုးခံလေးမို့လို့ ပရိသတ်တွေက အချစ်ပိုနေရတဲ့ ဖြူဖြူထွေးကတော့ ငွေကြေးပြည့်စုံလာပေမယ့်လည်း ပြောင်းလဲခြင်းမရှိပဲ အရင်အတိုင်း ရိုးသားစွာရှိနေဆဲပဲ ဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရတဲ့ ဖြူဖြူထွေးက သူမအားလပ်တဲ့ နာရီပိုင်းအချိန်လေးတွေအတွင်းမှာတင် အလှူလေးတွေကို ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖြူဖြူထွေးက ကြော်ငြာရိုက်ကူးပြီးပြီးချင်းပဲ ကျန်းမာရေးဝန်ထမ်း အယောက် (၂၅၀) အတွက် ညနေစာအမှီလေး သွားရောက်လှူဒါန်းခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ သူမတတ်နိုင်သလောက် အင်အားနဲ့ အလှူအတန်းတွေကို ပြုလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections