သရုပ္ေဆာင္ ေနေဒြးကေတာ့ ဗီဒီယိုဇာတ္ကားေတြကို ရိုက္ကူးရင္း ျမိဳ့ပရိသတ္၊ နယ္ပရိသတ္ေပါင္းစံုရဲ့ အားေပးခ်စ္ခင္မႈကို ရရိွထားသူ ျဖစ္ပါတယ္။ ေနေဒြးက အနုပညာအလုပ္ေတြကိုလည္း အားသြန္ခြန္စိုက္လုပ္ကိုင္ေနသလို သူတို့ မိသားစုရဲ့ စီးပြားေရးလုပ္ငန္းေတြကိုလည္း ဦးေဆာင္လုပ္ကိုင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနေဒြးကေတာ့ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ စီးပြားေရးအကြက္ျမင္သူျဖစ္ျပီး လက္ရိွမွာလည္း သူ့ကိုယ္တိုင္ ထုတ္လုပ္ထားတဲ့ ေအာ္ဂဲနစ္ဆန္ကို စတင္ေရာင္းခ်ဖို့ ျပင္ဆင္ေနျပီပဲ ျဖစ္ပါတယ္။

စီးပြားေရးလုပ္ငန္းသစ္ စတင္ခ်ိန္မွာပဲ ေနေဒြးက သူ့ရဲ့ ဆရာသမားတစ္ေယာက္ျဖစ္တဲ့ ဂြ်န္လြင္ကို သြားေရာက္ ကန္ေတာ့ခဲ့ျပီး သူ့ရဲ့ ပစၥည္းသစ္ေလးနဲ့ မိတ္ဆက္ေပးေၾကာင္း ဂြ်န္လြင္က “Nay Dway ေအာင္ျမင္ေသာအႏုပညာရွင္ အကယ္ဒီမ်ားစြာပိုင္ဆိုင္နိင္ပါေစ။ သူ႔ကိုယ္ပိုင္စီးပြားေရးျဖစ္တဲ့ ဆန္ေရာင္းဝယ္ေရးလဲေအာင္ျမင္ပါေစ။ ဆရာစားရန္ သူရဲ႕ကိုယ္ပိုင္ brand လင္းေရာင္ျခည္မိးသားစု organic super ဆန္ကို လာလက္ေဆာင္ေပးပါတယ္။ ေအာင္ျမင္ပါေစ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။

ဂြ်န္လြင္ကေတာ့ ဘာေလးပဲလုပ္လုပ္ ဆရာသမားကို အရင္ဦးဆံုး ဂါရဝျပဳတဲ့ တပည့္ေက်ာ္ ေနေဒြးအတြက္ ပီတိျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ေနေဒြးလည္း စီးပြားေရးအလုပ္ေတြမွာ ေအာင္ျမင္မႈေတြအမ်ားၾကီးရရိွပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: John Lwin ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသစ်စတင်တဲ့အချိန်မှာပဲ ဆရာသမီးကို သတိတရနဲ့ လာရောက်ဂါရဝပြုတဲ့ နေဒွေးကို ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဂျွန်လွင်

သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးရင်း မြို့ပရိသတ်၊ နယ်ပရိသတ်ပေါင်းစုံရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူ ဖြစ်ပါတယ်။ နေဒွေးက အနုပညာအလုပ်တွေကိုလည်း အားသွန်ခွန်စိုက်လုပ်ကိုင်နေသလို သူတို့ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် စီးပွားရေးအကွက်မြင်သူဖြစ်ပြီး လက်ရှိမှာလည်း သူ့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ အော်ဂဲနစ်ဆန်ကို စတင်ရောင်းချဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းသစ် စတင်ချိန်မှာပဲ နေဒွေးက သူ့ရဲ့ ဆရာသမားတစ်ယောက်ဖြစ်တဲ့ ဂျွန်လွင်ကို သွားရောက် ကန်တော့ခဲ့ပြီး သူ့ရဲ့ ပစ္စည်းသစ်လေးနဲ့ မိတ်ဆက်ပေးကြောင်း ဂျွန်လွင်က “Nay Dway အောင်မြင်သောအနုပညာရှင် အကယ်ဒီများစွာပိုင်ဆိုင်နိင်ပါစေ။ သူ့ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ဆန်ရောင်းဝယ်ရေးလဲအောင်မြင်ပါစေ။ ဆရာစားရန် သူရဲ့ကိုယ်ပိုင် brand လင်းရောင်ခြည်မိးသားစု organic super ဆန်ကို လာလက်ဆောင်ပေးပါတယ်။ အောင်မြင်ပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ဂျွန်လွင်ကတော့ ဘာလေးပဲလုပ်လုပ် ဆရာသမားကို အရင်ဦးဆုံး ဂါရဝပြုတဲ့ တပည့်ကျော် နေဒွေးအတွက် ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ နေဒွေးလည်း စီးပွားရေးအလုပ်တွေမှာ အောင်မြင်မှုတွေအများကြီးရရှိပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: John Lwin ‘s fb
Bilie – Cele Connections