မင္းသမီးေခ်ာ သက္မြန္ျမင့္ကေတာ့ အနုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္သူေလးတစ္ေယာက္ျဖစ္ျပီး “အာဒံရယ္၊ ဒႆရယ္၊ ဧဝရယ္” ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ အကယ္ဒမီဆုၾကီးေတြကို ရရိွပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ သက္မြန္ျမင့္က လက္ရိွမွာလည္း ခ်စ္စရာေကာင္းတဲ့ သားသမီးနွစ္ေယာက္နဲ့အတူတူ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ရင္း ေအာင္ျမင္မႈေတြ ဆြတ္ခူးထားေနဆဲပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သက္မြန္တစ္ေယာက္ ကေလးေမေမတစ္ေယာက္ျဖစ္သြားေပမယ့္လည္း အရင္ကအတိုင္း အခ်စ္မေလ်ာ့ပဲ ဆက္လက္အားေပးေနၾကဆဲပဲ ျဖစ္ပါတယ္။

အနုပညာသက္တမ္း ၾကာလာတာနဲ့အမွ် ေဝဖန္မႈေတြနဲ့ ေနသားက်ေနျပီျဖစ္တဲ့ သက္မြန္ျမင့္က ဒီကေန့မွာေတာ့ သူမရဲ့ လက္ရိွပံုရိပ္ေလးတစ္ခုကို မွ်ေဝရင္း ငယ္ငယ္က အမွတ္တရေလးတစ္ခုကို အခုလိုပဲ ေျပာလာပါတယ္။ “ကိုယ့္ကိုကိုယ္ အဲ့ေလာက္ ကိတ္ကိတ္နဲ႔ လွလာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးထားဘူး 😂 မင္းသမီး စလုပ္တုန္းကဆို ဒါလား မင္းသမီးဆိုၿပီး အေျပာခံခဲ့ရဖူးတယ္ 😔 အခ်ိန္ အေတာ္ၾကာထိ ကလန္ကလား ျပားခ်ပ္ခ်ပ္ပဲ😁 ခုေနမေကာင္းခ်ိန္နဲ႔ ေနေကာင္းတုန္းကအခ်ိန္ ဘယ္ဟာ ပိုသေဘာက်ၾကလဲ ပိတ္သတ္ႀကီး ” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

သက္မြန္ျမင့္ကေတာ့ ကေလးနွစ္ေယာက္ေမေမျဖစ္သြားလို့ အရင္ကလို ပိန္ပိန္ေသးေသးေလးမဟုတ္ေတာ့ေပမယ့္ အရင္ကထက္ပိုျပီး က်က္သေရရိွလာတာေတာ့ အမွန္ပါပဲေနာ္။ ပရိသတ္ၾကီးကေတာ့ သက္မြန္ကို ဘယ္လိုေနေနခ်စ္ျပီးသားဆိုတာ ယံုၾကည္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Thet Mon Myint’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသမီးစလုပ်ခါစက ကလန်ကလားနဲ့ ပြားချပ်ချပ်ဖြစ်နေတာကြောင့် “ဒါလားမင်းသမီး” ဆိုပြီး အပြောခံခဲ့ရဖူးကြောင်း ပြောပြလာတဲ့ သက်မွန်မြင့်

မင်းသမီးချော သက်မွန်မြင့်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်သူလေးတစ်ယောက်ဖြစ်ပြီး “အာဒံရယ်၊ ဒဿရယ်၊ ဧဝရယ်” ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆုကြီးတွေကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က လက်ရှိမှာလည်း ချစ်စရာကောင်းတဲ့ သားသမီးနှစ်ယောက်နဲ့အတူတူ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း အောင်မြင်မှုတွေ ဆွတ်ခူးထားနေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သက်မွန်တစ်ယောက် ကလေးမေမေတစ်ယောက်ဖြစ်သွားပေမယ့်လည်း အရင်ကအတိုင်း အချစ်မလျော့ပဲ ဆက်လက်အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

အနုပညာသက်တမ်း ကြာလာတာနဲ့အမျှ ဝေဖန်မှုတွေနဲ့ နေသားကျနေပြီဖြစ်တဲ့ သက်မွန်မြင့်က ဒီကနေ့မှာတော့ သူမရဲ့ လက်ရှိပုံရိပ်လေးတစ်ခုကို မျှဝေရင်း ငယ်ငယ်က အမှတ်တရလေးတစ်ခုကို အခုလိုပဲ ပြောလာပါတယ်။ “ကိုယ့်ကိုကိုယ် အဲ့လောက် ကိတ်ကိတ်နဲ့ လှလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားဘူး 😂 မင်းသမီး စလုပ်တုန်းကဆို ဒါလား မင်းသမီးဆိုပြီး အပြောခံခဲ့ရဖူးတယ် 😔 အချိန် အတော်ကြာထိ ကလန်ကလား ပြားချပ်ချပ်ပဲ😁 ခုနေမကောင်းချိန်နဲ့ နေကောင်းတုန်းကအချိန် ဘယ်ဟာ ပိုသဘောကျကြလဲ ပိတ်သတ်ကြီး ” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ ကလေးနှစ်ယောက်မေမေဖြစ်သွားလို့ အရင်ကလို ပိန်ပိန်သေးသေးလေးမဟုတ်တော့ပေမယ့် အရင်ကထက်ပိုပြီး ကျက်သရေရှိလာတာတော့ အမှန်ပါပဲနော်။ ပရိသတ်ကြီးကတော့ သက်မွန်ကို ဘယ်လိုနေနေချစ်ပြီးသားဆိုတာ ယုံကြည်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thet Mon Myint’s fb
Bilie – Cele Connections