အသားျဖဴျဖဴ၊ ႐ုပ္ေခ်ာေခ်ာနဲ႔ ပရိသတ္ေတြႀကိဳက္ၾကတဲ့ မင္းသားေခ်ာ ေကာင္းခန႔္က တစ္ခ်ိန္က ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ေရပန္းစားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေကာင္းခန႔္က ၿပီးခဲ့တဲ့ (၂၀၁၆)ခုႏွစ္မွာ အိမ္ေထာင္က်သြားၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြနဲ႔ အလွမ္းေဝးသြားခဲ့တာပဲ ျဖစ္ပါတယ္။ ေကာင္းခန႔္ကေတာ့ အခုဆိုရင္ ၾကာျဖဴေကာင္းခန႔္ဆိုတဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးကို ပိုင္ဆိုင္ထားၿပီး ကေလးေဖေဖတစ္ေယာက္ျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ (၁၄) ရက္ေန႔ကေတာ့ ေကာင္းခန႔္တို႔ ဇနီးေမာင္ႏွံရဲ႕ မဂၤလာသက္တမ္း (၄) ႏွစ္ျပည့္တဲ့ ေန႔ေလးပဲ ျဖစ္ပါတယ္။ ေကာင္းခန႔္က သူတို႔ဇနီးေမာင္ႏွံရဲ႕ Anniversary ေန႔ေလးမွာ “💕 Happy Anniversary ပါ မိန္းမေရ 👨 👩 👦 မင္းမရွိတဲ့ဘဝကို ငါဘယ္ေတာ့မွ စိတ္ကူးမကူးခ်င္ဘူး။ မင္းက ငါ့ကို ငါ့ကို ပိုေကာင္းတဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္ေအာင္ ေျပာင္းလဲေပးခဲ့တယ္ဆိုလည္း မမွားပါဘူး။ အခုကစျပီး ေနာင္ႏွစ္ေပါင္းမ်ားစြာ ငါ့ရဲ႕ေနာက္ဆုံးထြက္သက္အထိ မင္းကိုခ်စ္တယ္ ❤ ❤ ❤” ဆိုျပီး သူ့ရဲ့ ေဖ့္စဘုတ္စာမ်က္နွာကေနတဆင့္ ခ်စ္စကားေတြ ေျပာလာခဲ့ပါတယ္။

ေကာင္းခန့္ကေတာ့ ရုပ္ရွင္ဇာတ္ကားေတြ မရိုက္ကူးျဖစ္ေတာ့ေပမယ့္ ခ်စ္ရတဲ့ ဇနီး၊ သမီးေလးနဲ့ သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ေကာင္းခန့္တို့ မိသားစုေလး အခုလိုပဲ ထာဝရေပ်ာ္ရႊင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Kaung Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ထောင်သက် (၄) နှစ်ပြည့်နေ့လေးမှာ ချစ်ဇနီးအတွက် Romantic ဆန်ဆန် ချစ်စကားတွေနဲ့ အမှတ်တရဆုတောင်းစကားပြောလာတဲ့ ကောင်းခန့်

အသားဖြူဖြူ၊ ရုပ်ချောချောနဲ့ ပရိသတ်တွေကြိုက်ကြတဲ့ မင်းသားချော ကောင်းခန့်က တစ်ချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောင်းခန့်က ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်မှာ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကောင်းခန့်ကတော့ အခုဆိုရင် ကြာဖြူကောင်းခန့်ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး ကလေးဖေဖေတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၄) ရက်နေ့ကတော့ ကောင်းခန့်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၄) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ကောင်းခန့်က သူတို့ဇနီးမောင်နှံရဲ့ Anniversary နေ့လေးမှာ “💕 Happy Anniversary ပါ မိန်းမရေ 👨 👩 👦 မင်းမရှိတဲ့ဘဝကို ငါဘယ်တော့မှ စိတ်ကူးမကူးချင်ဘူး။ မင်းက ငါ့ကို ငါ့ကို ပိုကောင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးခဲ့တယ်ဆိုလည်း မမှားပါဘူး။ အခုကစပြီး နောင်နှစ်ပေါင်းများစွာ ငါ့ရဲ့နောက်ဆုံးထွက်သက်အထိ မင်းကိုချစ်တယ် ❤ ❤ ❤” ဆိုပြီး သူ့ရဲ့ ဖေ့်စဘုတ်စာမျက်နှာကနေတဆင့် ချစ်စကားတွေ ပြောလာခဲ့ပါတယ်။

ကောင်းခန့်ကတော့ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့် ချစ်ရတဲ့ ဇနီး၊ သမီးလေးနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ကောင်းခန့်တို့ မိသားစုလေး အခုလိုပဲ ထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Kaung Khant’s fb
Bilie – Cele Connections