ဆုိင္းမိုင္လို့ ပရိသတ္ေတြစတင္ သတိထားမိတဲ့ မင္းသမီးေခ်ာေလး ပိုးၾကာျဖဴခင္က တီဗီဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ရင္း အနုပညာေလာကထဲ ေရာက္ရိွလာသူတစ္ေယာက္ပါပဲ။ ရုပ္ရွင္ေခ်ာေမာသလို စိတ္ထားေလးလည္း နူးညံ့သိမ္ေမြ့တဲ့ ပုိးၾကာျဖဴခင္က အလွဴအတန္းေတြလည္း မၾကာခဏ ျပဳလုပ္ေလ့ရိွသူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွမွာလည္း ပိုးၾကာျဖဴခင္က ပရိသတ္ေတြအတြက္ ဇာတ္လမ္းတြဲ၊ ေၾကာ္ျငာေတြသာမက သူမကိုယ္တိုင္ သီဆိုထားတဲ့ သီခ်င္းေလးေတြကိုလည္း ခ်ျပေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

မေန့က နိုဝင္ဘာလ (၁၃) ရက္ေန့မွာေတာ့ ပိုးၾကာျဖဴခင္ ပါဝင္သရုပ္ေဆာင္ထားတဲ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲက ဇာတ္သိမ္းသြားခဲ့ျပီပဲ ျဖစ္ပါတယ္။ ပိုးၾကာျဖဴခင္က “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲမွာ အဏၰဝါမုန္းဆိုတဲ့ ဇာတ္ေကာင္ေနရာကေန အေကာင္းဆံုး သရုပ္ေဆာင္နိုင္ခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ခဲနက္ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ပိုးၾကာျဖဴခင္က ပရိသတ္ေတြ အမွတ္တရၾကည့္နိုင္ဖို့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲ ရိုက္ကြင္းေပၚက အမွတ္တရေတြကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။

ပိုးၾကာျဖဴခင္ကေတာ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲမွာ ပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားအျပားရရိွခဲ့ျပီး သူမဘဝရဲ့ ေအာင္ျမင္မႈ မွတ္တိုင္ကို စိုက္ထူနိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲ ျပီးဆံုးသြားေပမယ့္ ပါဝင္သရုပ္ေဆာင္ခဲ့ၾကတဲ့ ဇာတ္ေကာင္ေလးေတြကို မေမ့သြားပါနဲ့ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားလို့ လွမ်းဆွတ်စွာကျန်ရစ်ခဲ့မယ့် ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က အမှတ်တရတွေကို မျှဝေပေးလာတဲ့ ပိုးကြာဖြူခင်

ဆိုင်းမိုင်လို့ ပရိသတ်တွေစတင် သတိထားမိတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်က တီဗီဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း အနုပညာလောကထဲ ရောက်ရှိလာသူတစ်ယောက်ပါပဲ။ ရုပ်ရှင်ချောမောသလို စိတ်ထားလေးလည်း နူးညံ့သိမ်မွေ့တဲ့ ပိုးကြာဖြူခင်က အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပိုးကြာဖြူခင်က ပရိသတ်တွေအတွက် ဇာတ်လမ်းတွဲ၊ ကြော်ငြာတွေသာမက သူမကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးတွေကိုလည်း ချပြနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၃) ရက်နေ့မှာတော့ ပိုးကြာဖြူခင် ပါဝင်သရုပ်ဆောင်ထားတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အဏ္ဏဝါမုန်းဆိုတဲ့ ဇာတ်ကောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးကြာဖြူခင်က ပရိသတ်တွေ အမှတ်တရကြည့်နိုင်ဖို့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ ရိုက်ကွင်းပေါ်က အမှတ်တရတွေကို အခုလိုပဲ မျှဝေပေးလာပါတယ်။

ပိုးကြာဖြူခင်ကတော့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိခဲ့ပြီး သူမဘဝရဲ့ အောင်မြင်မှု မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲ ပြီးဆုံးသွားပေမယ့် ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်ကောင်လေးတွေကို မမေ့သွားပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections