


ယူနီကုဒ်ဖြင့်ဖတ်ရန်

ရပ်ကွက်အတွင်းက Quarantine Center အတွက် အိမ်ချက်ဟင်းလေးတွေနဲ့ မိသားစုအလှူလေးပြုလုပ်ခဲ့တဲ့ စိုးပြည့်သဇင်

ချစ်စရာကောင်းပြီး ဖြူစင်တဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်က ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့အပြင်ပုံစံကတော့ ရိုးအေးပြီး တည်ငြိမ်လွန်းသူတစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ အကယ်ဒမီဆုကြီးတစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပေမယ့် မာန်မာနထောင်လွှားခြင်းမရှိပဲ ရိုးရိုးအေးအေးလေးသာ နေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိုးပြည့်လေးကို သူမရဲ့ သရုပ်ဆောင်မှုတွေကြောင့်သာမကပဲ အနေအေးပြီး တည်ငြိမ်တာကြောင့် အချစ်ပိုနေရတယ်ဆိုလည်း မမှားပါဘူး။

စိတ်ထားဖြူစင်သူလေးတစ်ယောက်ပီပီ အလှူအတန်းတွေများစွာကိုလည်း ပြုလုပ်တတ်တဲ့ စိုးပြည့်သဇင်က ဒီကနေ့မှာလည်း သူမရဲ့ မိသားစုတွေနဲ့အတူတူ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စိုးပြည့်သဇင်က သူမတို့နေထိုင်ရာ သာကေတမြို့နယ် (၁၀) မြောက်ရပ်ကွက် Quarantine Center မှာ အိမ်ချက်ထမင်းနဲ့ ဟင်းတွေကို လှူဒါန်းခဲ့ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ မျှဝေပေးလာတာ ဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သူမတို့ မိသားစုတွေနဲ့အတူတူ အလှူလေးတစ်ခုကို တစ်နိုင်တစ်ပိုင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်တို့ရဲ့ အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Soe Pyae Thazin’s fb
Bilie – Cele Connections