သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပေမယ့် သူမကို အလိုလိုက် ဂရုစိုက်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သာသမီးလေးတွေကို ပိုင်ဆိုင်ထားလို့ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ရှင်မကြီးတစ်ယောက်ဖြစ်မှ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ကူညီလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သဉ္ဇာနွယ်ဝင်းက သူမရဲ့ စီးပွားရေးခြေလှမ်းသစ်တစ်ခုကို မိတ်ဆက်ပေးလာပြီး သူမရဲ့ ကုန်ပစ္စည်းနာမည်နဲ့ သမီးလေးရဲ့ နာမည်မှာ TULIP ပန်းလေးလို့ အမည်ပေးခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ဘဝမှာ ဘယ်ပန်းကိုမှ အရူးအမူး မကြိုက်ခဲ့ဖူးပေမဲ့ Tulip ပန်း လေးကို စတွေ့လိုက်တဲ့ အချိန်မှာ ကြိုက်တဲ့အဆင့်ကို ကျော်သွားပြီး ချစ်တဲ့ အဆင့်အထိကို ဖြစ်သွားလို့ တန်ဖိုးထားရတဲ့ နေ့ရက်တိုင်းမှာ Tulip ပန်းလေးနဲ့အမြဲ အတူရှိခဲ့ပါတယ်။ Tulip ပန်းလေးတွေကို အချစ်ရဲ့သင်္ကေတအဖြစ် လူသိများကြသလို ပန်းအရောင် အပေါ်မူတည် ပြီးတော့လည်း အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားပါတယ်။”

“နူးညံလှပပြီး လူတွေရဲ့ အမြတ်တနိုးနဲ့ တန်ဖိုးထားတဲ့ ပန်းကလေးကို အရမ်းချစ်လို့ သမီးလေးမွေးဖွားလာတဲ့ အချိန်မှာလဲ Tulip လို့နာမည်လေး ပေးထားပါတယ်။ အခု သမီးလေးရဲ့Tulip ဆိုတဲ့နာမည်လေးနဲ့ မေမေတို့အတွက် အမြဲတူတူရှိပြီး သက်တောင့်သက်သာဖြစ်ဖို့နဲ့ မိသားစုတွေအတွက် အဓိကထားပြီး ထုတ်လုပ်လိုက်တဲ့ TULIP brand လေးကို သမီးလေးမွေးတဲ့ November လလေးမှာ စတင်မိတ်ဆက်ပေးလိုက် ပါတယ်ရှင့်။” ဆိုပြီး သူမရဲ့ ကုန်ပစ္စည်းအသစ်လေးအကြောင်းကို အရိပ်အမြွတ်ပြောလာပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ သူမကိုယ်တိုင် ပထမဦးဆုံး ထုတ်မယ့် ကုန်ပစ္စည်းလေးမှာ သူမအရမ်းချစ်ရတဲ့ Tulip ပန်းနာမည်လေးပေးခဲ့သလို သမီးလေးရဲ့ အိမ်နာမည်ကိုလည်း Tulip လို့ အမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thinzar Nwewin’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်