သရုပ္ေဆာင္ စည္ျဖိဳးနဲ့ သရုပ္ေဆာင္ ခင္လႊမ္းတို့ကေတာ့ စိတ္တူ ကိုယ္တူနဲ့ ဝါသနာပါ ထပ္တူက်တဲ့ ခ်စ္သူစံုတြဲေလးျဖစ္တာေၾကာင့္ ေရွ့သြားေနာက္လုိက္ညီတယ္လို့ ပရိသတ္ေတြက မွတ္ခ်က္ေပးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတုိ့ကေတာ့ ခ်စ္သူဘဝမွာပဲ ရင္ေသြးေလးကို ရရိွခဲ့တာမို့ အခုဆိုရင္ နွစ္ဖက္မိဘသေဘာတူၾကည္ျဖဴစြာနဲ့ ျပီးခဲ့တဲ့ နိုဝင္ဘာလ (၅) ရက္ေန့မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲေလးကို က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ၾကင္စဦးဇနီးေမာင္နွံျဖစ္လို့ေနျပီျဖစ္တဲ့ စည္ျဖိဳးနဲ့ ခင္လႊမ္းတုိ့ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမၾကင္နာစြာနဲ့ ဂရုတစိုက္ရိွၾကတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ စည္ျဖိဳးတုိ့ရဲ့ မဂၤလာပြဲနဲ့ ပက္သတ္ျပီး မနာလိုသူတစ္ခ်ိဳ့ကေတာ့ ခင္လႊမ္းရဲ့ မိဘမ်ားေရာက္မလာျခင္းအေပၚ ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္။ ထုိအေၾကာင္းနဲ့ ပက္သတ္ျပီး ခင္လႊမ္းက သူမရဲ့ မိဘေဆြမ်ိဳးမ်ားအေၾကာင္းကို ဂဃနဏသိသူရဲ့ ေကာမန့္ကိုျပသျပီး “အေဖအေမ မရွိဘူးလား ဆိုသူမ်ားအတြက္ …ကိုဗစ္ေၾကာင့္ လာလို႔မရတာပါေနာ္ 😊✌️” ဆိုျပီး ေျပာထားသလို စည္ျဖိဳးကလည္း သူ့ရဲ့ ဇနီးသည္အတြက္ “မဗိုက္ဟာ မိဘမဲ႕ မဟုတ္ပါ … 🙏🏻 ❤️ ✌🏻” ဆိုျပီး ေျဖရွင္းေပးထားတာ ျဖစ္ပါတယ္။

စည္ျဖိဳၚကေတာ့ သူ့ရဲ့ ဇနီးသည္ဟာ ေဆြမရိွ မ်ိဳးမရိွ တစ္ေကာင္ၾကြက္မဟုတ္ပဲ လက္ရိွ ကိုဗစ္အေျခအေနေၾကာင့္သာ မဂၤလာပြဲကို မတက္ေရာက္နိုင္တဲ့အေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အခုဆိုရင္ ခင္လႊမ္းရဲ့ မိဘေတြ မဂၤလာပြဲမွာ ဘာလို့ရိွမေနတာလဲဆိုတာကို နားလည္သြားေလာက္ျပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Si Phyo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်္ဂလာပွဲမှာ ခင်လွှမ်းဘက်ကမိဘဆွေမျိုးတွေ မတွေ့တာကြောင့် မိဘမဲ့လို့ သမုတ်ကြသူတွေကို ဖြေရှင်းလာတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်း

သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက်ညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝမှာပဲ ရင်သွေးလေးကို ရရှိခဲ့တာမို့ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲလေးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဖြစ်လို့နေပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကြင်နာစွာနဲ့ ဂရုတစိုက်ရှိကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် စည်ဖြိုးတို့ရဲ့ မင်္ဂလာပွဲနဲ့ ပက်သတ်ပြီး မနာလိုသူတစ်ချို့ကတော့ ခင်လွှမ်းရဲ့ မိဘများရောက်မလာခြင်းအပေါ် ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး ခင်လွှမ်းက သူမရဲ့ မိဘဆွေမျိုးများအကြောင်းကို ဂဃနဏသိသူရဲ့ ကောမန့်ကိုပြသပြီး “အဖေအမေ မရှိဘူးလား ဆိုသူများအတွက် …ကိုဗစ်ကြောင့် လာလို့မရတာပါနော် 😊✌️” ဆိုပြီး ပြောထားသလို စည်ဖြိုးကလည်း သူ့ရဲ့ ဇနီးသည်အတွက် “မဗိုက်ဟာ မိဘမဲ့ မဟုတ်ပါ … 🙏🏻 ❤️ ✌🏻” ဆိုပြီး ဖြေရှင်းပေးထားတာ ဖြစ်ပါတယ်။

စည်ဖြိုါ်ကတော့ သူ့ရဲ့ ဇနီးသည်ဟာ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်မဟုတ်ပဲ လက်ရှိ ကိုဗစ်အခြေအနေကြောင့်သာ မင်္ဂလာပွဲကို မတက်ရောက်နိုင်တဲ့အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် ခင်လွှမ်းရဲ့ မိဘတွေ မင်္ဂလာပွဲမှာ ဘာလို့ရှိမနေတာလဲဆိုတာကို နားလည်သွားလောက်ပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Si Phyo’s fb
Bilie – Cele Connections