


ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေ အမြင်ဆန်းရအောင် စိတ်လွတ်ကိုယ်လွတ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါပြီး ကပြခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

သရုပ်ဆောင် ဖြူဖြူထွေးကတော့ ချစ်စရာကောင်းပြီး စိတ်ထားကောင်းသူလေးမို့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ရသူလေး ဖြစ်ပါတယ်။ ဖြူဖြူထွေးက လက်ရှိမှာတော့ ကြော်ငြာတွေကို နေ့စဉ်ရက်ဆက် ရိုက်ကူးနေရတာဖြစ်ပြီး ရုပ်ရှင်အသိုင်းအဝိုင်းက ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကို ခေါ်ပြီး ကြော်ငြာတွေ ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ချို့တဲ့အားနည်းသူကို ကူညီတတ်တဲ့ စိတ်ထားကတော့ ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကပါ ချစ်ကြတာပဲ ဖြစ်ပါတယ်။

ကျောင်းကပွဲဗီဒီယိုလေးကနေတဆင့် လူမှုကွန်ယက်စာမျက်နှာမှာ ရေပန်းစားလာခဲ့တဲ့ ဖြူဖြူထွေးက အခုထိတိုင် Tik Tok ဗီဒီယိုလေးတွေရိုက်ပြီး ပရိသတ်တွေနဲ့ ထိတွေ့နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖြူဖြူထွေးက ပရိသတ်တွေ အမြင်ဆန်းရအောင် နိုင်ငံခြားသူလေးတစ်ယောက်လို ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါပြီး ကပြခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ လူငယ်တစ်ယောက်ပီပီ ခေတ်ဆန်ဆန် ကကွက်လေးတွေနဲ့ ကပြသွားတာ အမြင်မရိုင်းသလို အရမ်းချစ်စရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections