မင္းသားေခ်ာပိုင္တံခြန္ကေတာ့ အေနအထိုင္ေအးေဆးျပီး အရြယ္နဲ့မလိုက္ေအာင္ တည္ျငိမ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ အခ်စ္ကို ပိုင္ဆိုင္ရရိွထားတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ကေတာ့ သူ့ရဲ့ အမိုက္စားခႏၶာကိုယ္နဲ့ အရမ္းလန္းတဲ့ တက္တူးေတြေၾကာင့္လည္း နုိင္ငံတကာက ပရိသတ္ေတြရဲ့ အာရံုစိုက္ခံရတယ္ဆိုလည္း မမွားပါဘူး။ အိမ္နီးခ်င္း ထိုင္းနိုင္ငံမွာ Fan Meeting ျပဳလုပ္ရတဲ့အထိ ေအာင္ျမင္တဲ့ ပိုင္တံခြန္က ဂ်ပန္၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ စတဲ့ အာရွနိုင္ငံမ်ားအျပင္ ဘရာဇီး၊ ၾသစေတးလ်၊ ဂ်ာမနီစတဲ့ အေနာက္တုိင္းနုိင္ငံေတြအထိပါ ေပါက္ေရာက္ေအာင္ျမင္ေနတာပဲ ျဖစ္ပါတယ္။

ေအာင္ျမင္တဲ့ေနရာကို ေရာက္ရိွလာတဲ့ သူ့ရဲ့ ၾကိဳးစားမႈအျပင္ ပရိသတ္ေတြရဲ့ အားေပးမႈေၾကာင့္ဆိုတာကို နားလည္သေဘာေပါက္ထားတဲ့ ပိုင္တံခြန္က သူ့ရဲ့ ပရိသတ္တစဦးတစ္ေယာက္ခ်င္းစီတုိင္းကို ေလးစားသူတစ္ေယာက္ပါ။ ဒီကေန့မွာလည္း ပိုင္တံခြန္က နိုဝင္ဘာလအစကတည္းက တိုက္ဖြန္းမုန္တိုင္းဒဏ္ကို အလူးအလဲခံေနရတဲ့ ဖိလစ္ပိုင္ပရိသတ္ေတြအတြက္ “Praying for the Phillippine. Stay Safe Everyone” ဆိုျပီး သူ့ရဲ့ အင္စတာဂရမ္စာမ်က္နွာမွာ မွ်ေဝေပးလာခဲ့ပါတယ္။

ပိုင္တံခြန္ကေတာ့ သူ့ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြအတြက္ မုန္တိုင္းဒဏ္ကေန ကင္းလြတ္ဖို့ ဆုေတာင္းစကား ေျပာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Paing Takhon’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တိုက်ဖွန်းမုန်တိုင်းဒဏ်ကို အလူးအလဲခံနေရတဲ့ ဖိလစ်ပိုင်ပရိသတ်တွေအတွက် အားပေးစကားပြောလာတဲ့ ပိုင်တံခွန်

မင်းသားချောပိုင်တံခွန်ကတော့ အနေအထိုင်အေးဆေးပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့ အရမ်းလန်းတဲ့ တက်တူးတွေကြောင့်လည်း နိုင်ငံတကာက ပရိသတ်တွေရဲ့ အာရုံစိုက်ခံရတယ်ဆိုလည်း မမှားပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံခွန်က ဂျပန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံများအပြင် ဘရာဇီး၊ သြစတေးလျ၊ ဂျာမနီစတဲ့ အနောက်တိုင်းနိုင်ငံတွေအထိပါ ပေါက်ရောက်အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့နေရာကို ရောက်ရှိလာတဲ့ သူ့ရဲ့ ကြိုးစားမှုအပြင် ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ဆိုတာကို နားလည်သဘောပေါက်ထားတဲ့ ပိုင်တံခွန်က သူ့ရဲ့ ပရိသတ်တစဦးတစ်ယောက်ချင်းစီတိုင်းကို လေးစားသူတစ်ယောက်ပါ။ ဒီကနေ့မှာလည်း ပိုင်တံခွန်က နိုဝင်ဘာလအစကတည်းက တိုက်ဖွန်းမုန်တိုင်းဒဏ်ကို အလူးအလဲခံနေရတဲ့ ဖိလစ်ပိုင်ပရိသတ်တွေအတွက် “Praying for the Phillippine. Stay Safe Everyone” ဆိုပြီး သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် မုန်တိုင်းဒဏ်ကနေ ကင်းလွတ်ဖို့ ဆုတောင်းစကား ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Takhon’s fb
Bilie – Cele Connections