နုိင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္လည္းျဖစ္သလို သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ့ မိုးမိုးကေတာ့ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ေတြမ်ားစြာ ထြက္ရိွခဲ့သလို ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ မိုးမိုးက ေနာက္ပိုင္းမွာေတာ့ ရုပ္ရွင္ဗီဒီယိုဇာတ္ကားေတြ မရိုက္ကူးသေလာက္ နည္းပါးသြားခဲ့ျပီး ဂီတလမ္းေၾကာင္းေပၚမွာသာ ေလွ်ာက္လွမ္းေနခဲ့တာကို သတိထားမိၾကမွာပဲ ျဖစ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္ျပီး စိတ္ရင္းေကာင္းတဲ့ မိုးမိုးကေတာ့ လက္ရိွမွာလည္း ပရဟိတအလွဴေတြကို ျပဳလုပ္ရင္း ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

အနုပညာအလုပ္၊ စီးပြားေရးအလုပ္ေတြမွာလည္း ေအာင္ျမင္မႈရရိွေနတဲ့ မိုးမိုးရဲ့ အိမ္ေထာင္ေရးကေတာ့ သူ့အေပၚအရမ္းခ်စ္ျပီး အိမ္ေထာင္ရွင္မပီသတဲ့ ခ်စ္ဇနီးနဲ့ ခ်စ္စရာေကာင္းတဲ့ သားသားမီးမီးေတြေၾကာင့္ ေပ်ာ္ရႊင္ေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ မိုးမိုးက ဖုန္းပ်က္သြားခဲ့ျပီး မၾကာခင္မွာပဲ ခ်စ္ဇနီးဆီက ဖုန္းလက္ေဆာင္ေလးရရိွခဲ့ေၾကာင္းကို “မိန္းမရဲ႕ သီတင္းကြၽတ္လက္ေဆာင္ ကန္ေတာ့တဲ့ ဖုန္းေလးပါတဲ့ 😍😍🙏🙏ေက်းဇူးပါ ဘုဘုေရ 😍🥰” ဆိုျပီး သူ့ရဲ ့ေဖ့စဘုတ္စာမ်က္နွာမွာ ေျပာျပလာပါတယ္။

မိုးမိုးကေတာ့ ဖုန္းပ်က္သြားျပီး မၾကာခင္မွာပဲ ခ်စ္ဇနီးဆီက လက္ေဆာင္ေၾကာင့္ ဝမ္းသာသြားခဲ့ရတာပဲ ျဖစ္ပါတယ္။ မိုးမိုးတို့ ဇနီးေမာင္နွံကေတာ့ အိမ္ေထာင္က်ျပီးသြားေပမယ့္လည္း တစ္ေယာက္အေပၚတစ္ေယာက္ အခ်စ္မေလ်ာ့တာကေတာ့ ေလးစားစရာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Moe Sithu Kyaw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဖုန်းပျက်သွားပြီး နောက်ရက်မှာပဲ ဖုန်းအသစ်တစ်လုံးချက်ချင်းဝယ်ပေးပြီး ကန်တော့ခဲ့တဲ့ ဇနီးသည်ရဲ့ သိတတ်မှုကြောင့် ဝမ်းသာနေရတဲ့ မိုးမိုး

နိုင်ငံကျော် အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ မိုးမိုးကတော့ တစ်ကိုယ်တော် အယ်လ်ဘမ်တွေများစွာ ထွက်ရှိခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မိုးမိုးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ မရိုက်ကူးသလောက် နည်းပါးသွားခဲ့ပြီး ဂီတလမ်းကြောင်းပေါ်မှာသာ လျှောက်လှမ်းနေခဲ့တာကို သတိထားမိကြမှာပဲ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး စိတ်ရင်းကောင်းတဲ့ မိုးမိုးကတော့ လက်ရှိမှာလည်း ပရဟိတအလှူတွေကို ပြုလုပ်ရင်း အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေမှာလည်း အောင်မြင်မှုရရှိနေတဲ့ မိုးမိုးရဲ့ အိမ်ထောင်ရေးကတော့ သူ့အပေါ်အရမ်းချစ်ပြီး အိမ်ထောင်ရှင်မပီသတဲ့ ချစ်ဇနီးနဲ့ ချစ်စရာကောင်းတဲ့ သားသားမီးမီးတွေကြောင့် ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုးမိုးက ဖုန်းပျက်သွားခဲ့ပြီး မကြာခင်မှာပဲ ချစ်ဇနီးဆီက ဖုန်းလက်ဆောင်လေးရရှိခဲ့ကြောင်းကို “မိန်းမရဲ့ သီတင်းကျွတ်လက်ဆောင် ကန်တော့တဲ့ ဖုန်းလေးပါတဲ့ 😍😍🙏🙏ကျေးဇူးပါ ဘုဘုရေ 😍🥰” ဆိုပြီး သူ့ရဲ့ဖေ့စဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။

မိုးမိုးကတော့ ဖုန်းပျက်သွားပြီး မကြာခင်မှာပဲ ချစ်ဇနီးဆီက လက်ဆောင်ကြောင့် ဝမ်းသာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ မိုးမိုးတို့ ဇနီးမောင်နှံကတော့ အိမ်ထောင်ကျပြီးသွားပေမယ့်လည်း တစ်ယောက်အပေါ်တစ်ယောက် အချစ်မလျော့တာကတော့ လေးစားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Moe Sithu Kyaw’s fb
Bilie – Cele Connections