ရွမ္းတိုင္းရင္းသားေလး စိုင္းစိုင္းခမ္းလိႈင္က ေတာင္ၾကီးျမိဳ့ကေနျပီး ေမာ္ဒယ္တစ္ေယာက္အျဖစ္ လုပ္ကိုင္ဖို့ ရန္ကုန္ကိုေရာက္ရိွလာခဲ့ျပီး အနုပညာေလာကထဲကို စတင္ဝင္ေရာက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ လူသိနည္းခဲ့တဲ့ စိုင္းစိုင္းခမ္းလိႈင္က (၂၀၀၀) ျပည့္နွစ္မွာေတာ့ သူ့ရဲ့ပထမဦးဆံုးအယ္လ္ဘမ္ “ေခ်ာကလက္ေရာင္ ေရခဲအိပ္မက္” ဆိုတဲ့ အေခြကို စတင္ထုတ္လုပ္ခဲ့ျပီး ဒုတိယေျမာက္အေခြျဖစ္တဲ့ “သူငယ္ခ်င္းမ်ားစြာ” အေခြမွာမွ တစ္နုိင္ငံလံဳး အတုိင္းအတာနဲ့ ေအာင္ျမင္လာခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ စိုင္းစိုင္းခမ္းလိႈင္က နုိင္ငံေက်ာ္ အဆိုေတာ္၊ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းထားတာ နွစ္ေပါင္း (၂၀) ေက်ာ္တိုင္ရိွျပီပဲ ျဖစ္ပါတယ္။

(၂၀၂၀) ခုနွစ္ကေတာ့ စိုင္းစိုင္းခမ္းလိႈင္ရဲ့ အနုပညာသက္တမ္း နွစ္ (၂၀) ျပည့္မွာျဖစ္ျပီး တစ္ဆက္တည္းမွာပဲ စိုင္းစိုင္းက သူ့ရဲ့ (၁၀) ေခြေျမာက္ အယ္လ္ဘမ္ျဖစ္တဲ့ “မူလက္လက္ေဟာင္းစိုင္းစိုင္းခမ္းလိႈင္” အေခြကို ထုတ္လုပ္ျဖန့္ခ်ီမွာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ စိုင္းစိုင္းခမ္းလိႈင္က သူ့ရဲ့ ငယ္ဘဝပံုရိပ္အစစ္ကို အသံုးျပဳျပီး အေခြနဲ့ ပက္သတ္တဲ့အေၾကာင္းအရာေတြကို သတင္းစာေစာင္တစ္ခုအေနနဲ့ အခုလိုပဲ သတင္းေပးလာခဲ့ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္ကေတာ့ သူ့ရဲ့ (၁၀) ေခြေျမာက္ “မူလက္လက္ေဟာင္းစိုင္းစိုင္းခမ္းလိႈင္” ကို (၂၀၂၀) ျပည့္နွစ္အတြင္းမွာပဲ ထုတ္လုပ္သြားမွာပဲ ျဖစ္ပါတယ္။ စိုင္းစိုင္းကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ စိုင္းစိုင္းရဲ့ အေခြသစ္ေလးကို ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ေနၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဂီတသက်တမ်းနှစ်(၂၀)ပြည့်မှာ ထွက်ရှိမယ့် (၁၀) ခွေမြောက်အယ်လ်ဘမ်”မူလက်လက်ဟောင်းစိုင်းစိုင်းခမ်းလှိုင်”အကြောင်း ငယ်ဘဝပုံရိပ်လေးနဲ့ သတင်းပေးလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ရှမ်းတိုင်းရင်းသားလေး စိုင်းစိုင်းခမ်းလှိုင်က တောင်ကြီးမြို့ကနေပြီး မော်ဒယ်တစ်ယောက်အဖြစ် လုပ်ကိုင်ဖို့ ရန်ကုန်ကိုရောက်ရှိလာခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ယောက်အဖြစ် လူသိနည်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က (၂၀၀၀) ပြည့်နှစ်မှာတော့ သူ့ရဲ့ပထမဦးဆုံးအယ်လ်ဘမ် “ချောကလက်ရောင် ရေခဲအိပ်မက်” ဆိုတဲ့ အခွေကို စတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယမြောက်အခွေဖြစ်တဲ့ “သူငယ်ချင်းများစွာ” အခွေမှာမှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် စိုင်းစိုင်းခမ်းလှိုင်က နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတာ နှစ်ပေါင်း (၂၀) ကျော်တိုင်ရှိပြီပဲ ဖြစ်ပါတယ်။

(၂၀၂၀) ခုနှစ်ကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အနုပညာသက်တမ်း နှစ် (၂၀) ပြည့်မှာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ စိုင်းစိုင်းက သူ့ရဲ့ (၁၀) ခွေမြောက် အယ်လ်ဘမ်ဖြစ်တဲ့ “မူလက်လက်ဟောင်းစိုင်းစိုင်းခမ်းလှိုင်” အခွေကို ထုတ်လုပ်ဖြန့်ချီမှာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ငယ်ဘဝပုံရိပ်အစစ်ကို အသုံးပြုပြီး အခွေနဲ့ ပက်သတ်တဲ့အကြောင်းအရာတွေကို သတင်းစာစောင်တစ်ခုအနေနဲ့ အခုလိုပဲ သတင်းပေးလာခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ (၁၀) ခွေမြောက် “မူလက်လက်ဟောင်းစိုင်းစိုင်းခမ်းလှိုင်” ကို (၂၀၂၀) ပြည့်နှစ်အတွင်းမှာပဲ ထုတ်လုပ်သွားမှာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းကိုချစ်တဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းရဲ့ အခွေသစ်လေးကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections