မ်က္နွာေပၚမွာ ထင္ရွားတဲ့ မွဲ့နက္နက္ေလးနဲ့ အရမ္းလွတဲ့ မင္းသမီး မ်ိဳးသႏၱာထြန္းကေတာ့ တစ္ခ်ိန္က ျမန္မာ့ရုပ္ရွင္ေလာကမွာ နာမည္ၾကီး ေရပန္းစားခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ မ်ိဳးသႏၱာထြန္းကေတာ့ အကယ္ဒမီဆုရွင္တစ္ေယာက္အျဖစ္နဲ့ ဒီေန့ဒီအခ်ိန္ထိတိုင္ သူမဝါသနာပါတဲ့ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ မ်ိဳးသႏၱာထြန္းက သူမရဲ့ နာမည္ကို အလြဲသံုးစားလုပ္ျပီး သရုပ္ေဆာင္ ငွက္ေပ်ာေၾကာ္ဆီမွာ ပိပိရိရိလိမ္သြားသူအေၾကာင္း အခုလိုပဲ သတိေပးေျပာျပလာပါတယ္။

“ဒီညေန ကိုငွက္ေပ်ာေၾကာ္ ဖုန္းဆက္ၿပီးေမးလာတယ္၊မ်ိဳးသႏၲာထြန္းရဲ႕တူ ဆိုၿပီးေကာင္ေလးတေယာက္ လာကန္ေတာ့တယ္တဲ့၊ေကာင္မေလးတေယာက္လဲပါတယ္ သူနဲ႔ လက္ထပ္မဲ့ မိန္းကေလးလို႔ေျပာၿပီးမိတ္ဆက္ပါတယ္တဲ့။ စကားေတြ ေရပက္မဝင္ေျပာၿပီး ကိုငွက္ရဲ႕ နာမည္ရင္းကိုလဲ ေျပာ၊အရမ္းရင္းႏွီးခဲ့ဖူးသလိုေတြ လုပ္ၿပီး မုန႔္ဖိုးေတာင္းသြားပါတယ္တဲ့၊ ကိုငွက္က ၂ ေသာင္းေပးတာကို နဲလို႔ ၃ ေသာင္းေပးပါလို႔ေတာင္းေသးတယ္တဲ့😡😡😡 အရမ္းကို အံ့ဩသြားပါတယ္။”

“ကြ်န္မရဲ႕ တူေတြ/တူမေတြ(က်မရဲ႕သား)ကအစ ဘယ္အႏုပညာရွင္အိမ္ကိုမွ သြားေလ့ သြားထမရွိပါဘူးရွင္။ ကြ်န္မတို႔ေတာင္ အလုပ္ထဲမွာဘဲေတြ႕ၾက ဆုံၾကတာပါ၊အဲ့လို နာမည္ အလြဲသုံးစားလုပ္ၿပီး လိုက္လိမ္ေနတာကို ေတာ္ေတာ့္ကို စိတ္ခံျပင္းမိပါတယ္၊ ကြ်န္မရဲ႕ အႏုပညာ ေမာင္ႏွမေတြေရာ မိတ္ေဆြေတြပါ ထပ္ၿပီးအလိမ္မခံရေအာင္ ဒီ post ကိုတင္ရျခင္းျဖစ္ပါတယ္၊ခ်စ္ရတဲ့ ညီအကိုေမာင္ႏွမေတြ အားလုံးလဲ ဝိုင္းၿပီး အဲ့လူလိမ္လာရင္ သတင္းေပးၾကပါရွင့္။” ဆိုျပီး ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာလာပါတယ္။

မ်ိဳးသႏၱာထြန္းကေတာ့ သူမရဲ့ တူဆိုျပီး အေယာင္ေဆာင္ လိမ္သြားသူတစ္ေယာက္ေၾကာင့္ စိတ္အေနွာက္အယွက္ျဖစ္စြာနဲ့ ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Myo Myo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူမရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး သရုပ်ဆောင် ငှက်ပျောကြော်ဆီမှာ ပိပိရိရိလိမ်သွားသူအကြောင်း သတိပေးပြောပြလာတဲ့ မျိုးသန္တာထွန်း

မျက်နှာပေါ်မှာ ထင်ရှားတဲ့ မှဲ့နက်နက်လေးနဲ့ အရမ်းလှတဲ့ မင်းသမီး မျိုးသန္တာထွန်းကတော့ တစ်ချိန်က မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီး ရေပန်းစားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မျိုးသန္တာထွန်းကတော့ အကယ်ဒမီဆုရှင်တစ်ယောက်အဖြစ်နဲ့ ဒီနေ့ဒီအချိန်ထိတိုင် သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မျိုးသန္တာထွန်းက သူမရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး သရုပ်ဆောင် ငှက်ပျောကြော်ဆီမှာ ပိပိရိရိလိမ်သွားသူအကြောင်း အခုလိုပဲ သတိပေးပြောပြလာပါတယ်။

“ဒီညနေ ကိုငှက်ပျောကြော် ဖုန်းဆက်ပြီးမေးလာတယ်၊မျိုးသန္တာထွန်းရဲ့တူ ဆိုပြီးကောင်လေးတယောက် လာကန်တော့တယ်တဲ့၊ကောင်မလေးတယောက်လဲပါတယ် သူနဲ့ လက်ထပ်မဲ့ မိန်းကလေးလို့ပြောပြီးမိတ်ဆက်ပါတယ်တဲ့။ စကားတွေ ရေပက်မဝင်ပြောပြီး ကိုငှက်ရဲ့ နာမည်ရင်းကိုလဲ ပြော၊အရမ်းရင်းနှီးခဲ့ဖူးသလိုတွေ လုပ်ပြီး မုန့်ဖိုးတောင်းသွားပါတယ်တဲ့၊ ကိုငှက်က ၂ သောင်းပေးတာကို နဲလို့ ၃ သောင်းပေးပါလို့တောင်းသေးတယ်တဲ့😡😡😡 အရမ်းကို အံ့ဩသွားပါတယ်။”

“ကျွန်မရဲ့ တူတွေ/တူမတွေ(ကျမရဲ့သား)ကအစ ဘယ်အနုပညာရှင်အိမ်ကိုမှ သွားလေ့ သွားထမရှိပါဘူးရှင်။ ကျွန်မတို့တောင် အလုပ်ထဲမှာဘဲတွေ့ကြ ဆုံကြတာပါ၊အဲ့လို နာမည် အလွဲသုံးစားလုပ်ပြီး လိုက်လိမ်နေတာကို တော်တော့်ကို စိတ်ခံပြင်းမိပါတယ်၊ ကျွန်မရဲ့ အနုပညာ မောင်နှမတွေရော မိတ်ဆွေတွေပါ ထပ်ပြီးအလိမ်မခံရအောင် ဒီ post ကိုတင်ရခြင်းဖြစ်ပါတယ်၊ချစ်ရတဲ့ ညီအကိုမောင်နှမတွေ အားလုံးလဲ ဝိုင်းပြီး အဲ့လူလိမ်လာရင် သတင်းပေးကြပါရှင့်။” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

မျိုးသန္တာထွန်းကတော့ သူမရဲ့ တူဆိုပြီး အယောင်ဆောင် လိမ်သွားသူတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်ဖြစ်စွာနဲ့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Myo Myo’s fb
Bilie – Cele Connections