


ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်ကညီနဲ့တောင် အထင်လွဲပြီး သဝန်တိုနေကြတဲ့ ပရိသတ်တွေကြောင့် ရယ်ချင်စိတ်ကိုမနည်းထိန်းပြီး ပြည်လည်ဖြေရှင်းခဲ့ရတဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ တစ်နိုင်ငံလုံးက မိန်းကလေးပရိသတ်တွေသာမက ကမ္ဘာ့နိုင်ငံအသီးသီးက မိန်းကလေးပရိသတ်တွေပါ သည်းသည်းလှုပ်ချစ်ခြင်းခံရသူပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ကမ္ဘာ့အလှည်မှာပါ မျက်နှာပန်းပွင့်တဲ့ မင်းသားတစ်ယောက်ပီပီ သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို ပရိသတ်တွေက အာရုံစိုက်ခြင်း ခံရတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ ရပ်တည်မှုနဲ့ ပက်သတ်ပြီး အချစ်ရေးကိစ္စကအစ ပွင့်ပွင့်လင်းလင်း ချပြထားတာပဲ ဖြစ်ပါတယ်။

မိန်းကလေးပရိသတ်တွေကို ပိုင်ဆိုင်ထားသူပီပီ ဒီကနေ့မှာလည်း ပိုင်တံခွန်က သူ့ရဲ့ ညီတစ်ဝမ်းကွဲလေးနဲ့ အထင်လွဲခံနေရတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကို သူ့ရဲ့ညီက အနောက်ကနေ သိုင်းဖက်ပြီး အင်္ကျီဝတ်ပေးနေတဲ့ပုံကြောင့် ပရိသတ်တွေက အကြီးအကျယ် သဝန်တိုနေရတာဖြစ်ပြီး ပိုင်တံခွန်က “အဲဒါ အိမ်ကညီအငယ်ကောင်ပါ 😂😂” လို့ဆိုကာ ရယ်ချင်စိတ်ကိုထိန်းပြီး ပြန်လည်ဖြေရှင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ ညီကတော့ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက်လို ခြေတံလက်တံ သွယ်သွယ်လေးတွေမို့ ပရိသတ်တွေက မျက်စိမှားကာ အထင်လွဲခံရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Takhon’s fb
Bilie – Cele Connections