


Source: Aye Thaung ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ရတနာရောင်းတဲ့ Live တွေကြည့်ပြီး တစ်ဦးတည်းသောအချစ်ဆုံးမေမေကို တုန်တုန်ရီရီဖြစ်အောင်လုပ်ခဲ့ကြောင်း အရွှန်းဖောက်ပြောပြလာတဲ့ မအေးသောင်း

ပရိသတ်တွေက မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အသက် (၁၃) နှစ်အရွယ်ကတည်းက မော်ဒယ်လ်တစ်ယောက်အဖြစ် ရှိုးတွေမှာ ပါဝင်နေပြီပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကတော့ အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်တောက်သွားတဲ့အချိန်တွေရှိပြီး ဒုတိယအကြိမ်မြောက် ပြန်လည်ဝင်ရောက်လာချိန်မှာလည်း ပရိသတ်တွေဆီက ထင်မထားလောက်တဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကလည်း ပရိသတ်တွေအတွက် အားပေးရကျိုးနပ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် အမြဲတမ်း ကြိုးစားနေသူတစ်ယောက်ပါပဲ။

လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေရပ်နားထားပြီး နေအိမ်မှာပဲအချိန်ကုန်ဆုံးနေရတဲ့ အေးဝတ်ရည်သောင်းက ရတနာရောင်းတဲ့ Live တွေကြည့်ပြီး “Live တွေကြည့်ခြင်းရဲ့နောက်ကွယ်မှ ကိုယ့်အမေကိုယ်ဓားမြတိုက်ခြင်း နှင့် မထက်ပြောသလို ရတနာရှိရာ ရတနာလာခြင်းများ 🥰🥰🥰 အမေ့ဆီမယ်အထည်တော့မရှိ ကျောက်တွေပဲရှိတော့ အထပ်ထပ်ထုတ်ထားတဲ့ အိတ်ကလေးထဲကသူ့ကျောက်တွေကို တုန်တုန်ရီရီ ထုတ်ပေးရှာသော မေမေ ။ကျေးဇူးကြီးပေ တို့မေမေ။ 🥰🥰🥰” ဆိုပြီး မေမေစုဆောင်းထားတာတွေကို ဗိုလ်ကျခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းတို့ရဲ့ မေမေကတော့ သမီးသုံးယောက်စလုံးအပေါ်မှာ တာဝန်ကျေပြီး သမီးတွေကို စိတ်ချမ်းသာအောင် ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းတို့ သားအမိနှစ်ယောက်ရဲ့ဖြစ်ပုံကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Aye Thaung ‘s fb
Bilie – Cele Connections