ပရိသတ္ေတြက စူစူလို့ ခ်စ္စနိုးေလးေခၚၾကတဲ့ မင္းသမီးေခ်ာေလး အိေခ်ာပိုကေတာ့ အနုပညာပ်ိဳးခင္းကေန စင္တင္ေျမွာက္ေပးျခင္းခံရျပီး တစ္နိုင္ငံလံုးအတုိင္းအတာနဲ့ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးေလးတစ္လက္ ျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္ကားၾကီးေတာ္ေတာ္မ်ားမ်ားမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ သရုပ္ေဆာင္ေနရတဲ့ အိေခ်ာပိုက အကယ္ဒမီဆုၾကီးနဲ့ ကံမေကာင္းစြာနဲ့ လြဲေခ်ာ္ေနေသးတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အိေခ်ာပိုကေတာ့ အကယ္ဒမီဆုရျခင္း မရျခင္းထက္ ပရိသတ္ေတြရဲ့ ခ်စ္ခင္ျခင္းကိုသာ ပိုမိုမက္ေမာသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ရုပ္ရည္ေခ်ာေမာရံုသာမက သရုပ္ေဆာင္လည္း ေျပာစရာမလိုေအာင္ အံဝင္ခြင္က်ျဖစ္တဲ့ အိေခ်ာပိုကေတာ့ နာမည္ၾကီး မင္းသားေတြျဖစ္တဲ့ ေနတိုး၊ ေျပတီဦး၊ ျမင့္ျမတ္၊ ခန့္စည္သူ၊ လူမင္းနဲ့ ဒါရိုက္တာ ဝုိင္းတို့ရဲ့ “အနုပညာပ်ိဳးခင္း” ကစင္တင္ေပးတဲ့ မင္းသမီးတစ္ေယာက္ျဖစ္တယ္ဆိုတာ ပရိသတ္ၾကီးအားလံုးသိျပီးသား ျဖစ္မွာပါ။ မေန့က နိုဝင္ဘာလ (၁၁) ရက္ေန့မွာေတာ့ အိေခ်ာပိုက “အနုပညာပ်ိဳးခင္း” ကစင္တင္မင္းသမီးျဖစ္လို့လာတာ (၉) နွစ္တုိင္တိုင္ ရိွခဲ့ျပီလို့ အမွတ္တရ ေျပာလာပါတယ္။

အိေခ်ာပိုကေတာ့ အနုပညာသက္တမ္း (၉) နွစ္အတြင္းမွာတင္ ဆရာေတြရဲ့ သြန္သင္ညႊန္ၾကားေပးမႈနဲ့ သူမကိုယ္တိုင္က ၾကိဳးစားမႈေၾကာင့္ အခုဆိုရင္ ထိပ္တန္းမင္းသမီးတစ္ေယာက္ ျဖစ္လို့ေနျပီပဲ ျဖစ္ပါတယ္။ အိေခ်ာပိုတစ္ေယာက္ အနုပညာသက္တမ္း (၉) နွစ္မွတုိင္ ေနာက္နွစ္ေပါင္းမ်ားစြာအထိ ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းနိုင္ပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Ei Chaw Po’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နေတိုး၊ ပြေတီဦးနဲ့ မြင့်မြတ်တို့ရဲ့ “အနုပညာပျိုးခင်း” ကစင်တင်ပေးတဲ့ မင်းသမီးဖြစ်လာတာ (၉)နှစ်တိုင်တိုင်ရှိခဲ့ပြီဆိုတဲ့ အိချောပို

ပရိသတ်တွေက စူစူလို့ ချစ်စနိုးလေးခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ အနုပညာပျိုးခင်းကနေ စင်တင်မြှောက်ပေးခြင်းခံရပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့တဲ့ မင်းသမီးလေးတစ်လက် ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်နေရတဲ့ အိချောပိုက အကယ်ဒမီဆုကြီးနဲ့ ကံမကောင်းစွာနဲ့ လွဲချော်နေသေးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အိချောပိုကတော့ အကယ်ဒမီဆုရခြင်း မရခြင်းထက် ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကိုသာ ပိုမိုမက်မောသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ရုပ်ရည်ချောမောရုံသာမက သရုပ်ဆောင်လည်း ပြောစရာမလိုအောင် အံဝင်ခွင်ကျဖြစ်တဲ့ အိချောပိုကတော့ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ခန့်စည်သူ၊ လူမင်းနဲ့ ဒါရိုက်တာ ဝိုင်းတို့ရဲ့ “အနုပညာပျိုးခင်း” ကစင်တင်ပေးတဲ့ မင်းသမီးတစ်ယောက်ဖြစ်တယ်ဆိုတာ ပရိသတ်ကြီးအားလုံးသိပြီးသား ဖြစ်မှာပါ။ မနေ့က နိုဝင်ဘာလ (၁၁) ရက်နေ့မှာတော့ အိချောပိုက “အနုပညာပျိုးခင်း” ကစင်တင်မင်းသမီးဖြစ်လို့လာတာ (၉) နှစ်တိုင်တိုင် ရှိခဲ့ပြီလို့ အမှတ်တရ ပြောလာပါတယ်။

အိချောပိုကတော့ အနုပညာသက်တမ်း (၉) နှစ်အတွင်းမှာတင် ဆရာတွေရဲ့ သွန်သင်ညွှန်ကြားပေးမှုနဲ့ သူမကိုယ်တိုင်က ကြိုးစားမှုကြောင့် အခုဆိုရင် ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ အိချောပိုတစ်ယောက် အနုပညာသက်တမ်း (၉) နှစ်မှတိုင် နောက်နှစ်ပေါင်းများစွာအထိ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po’s fb
Bilie – Cele Connections