


ယူနီကုဒ်ဖြင့်ဖတ်ရန်

ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်ပြီးတဲ့နောက် ယွန်းယွန်းဆီကခေါ်ပုံလေးတစ်ခုကို စိတ်မဆိုးတဲ့အပြင် သဘောကျနေတဲ့ သဇင်ထူးမြင့်

ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေးတွေဖြစ်ကြတဲ့ သဇင်ထူးမြင့်နဲ့ ယွန်းယွန်းတို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်မှာ ကျင်လည်နေကြသူများ ဖြစ်ကြပါတယ်။ သဇင်ထူးမြင့်ကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်ပြီး အကယ်ဒမီရွှေကြိုမယ်တစ်ယောက်အဖြစ် အနုပညာနယ်ပယ်ထဲကို ရောက်ရှိလာခဲ့သလို ယွန်းယွန်းကတော့ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့က အားပေးသူပရိသတ်အခိုင်အမာနဲ့ အနုပညာမျိုးဆက်သစ်တွေအဖြစ် အလုပ်တွေ လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။

သက်တူရွယ်တူလေးတွေပီပီ တစ်ယောက်နဲ့တစ်ယောက် ညီအစ်မလို သူငယ်ချင်းလိုချစ်ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်က အပြင်မှာလည်း မကြာခဏတွေ့ဆုံသလို အွန်လိုင်းကနေလည်း နေ့တိုင်းစကားတွေ ပြောဖြစ်ကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သဇင်ထူးမြင့်က ယွန်းယွန်းနဲ့ စကားပြောနေရင်း ယွန်းယွန်းဆီက “kg ma” လို့ ခေါ်တဲ့ပုံလေးကြောင့် သဘောကျနေရတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ် Story မှာ အခုလိုပဲ မျှဝေပေးလာပါတယ်။

ယွန်းယွန်းကတော့ သဇင်ထူးမြင့်နဲ့ ပြောမနာ ဆိုမနာချစ်ကြတဲ့ သူငယ်ချင်းတွေပီပီ အရမ်းရင်းနှီးလို့ ခေါ်တဲ့ပုံစံလေးမို့ သဇင်ထူးမြင့်က စိတ်မဆိုးတဲ့အပြင် သဘောတောင်ကျနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သူငယ်ချင်းနှစ်ယောက်ကို ချစ်တဲ့မျက်စိလေးနဲ့သာ ကြည့်ပေးကြပါနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thazin Htoo Myint’s fb
Bilie – Cele Connections