သရုပ္ေဆာင္ ဇာနည္နဲ့ ၾကည္လဲ့လဲ့ဦးတို့ကေတာ့ တစ္ေခတ္တစ္ခါက အနုပညာေလာကမွာ ေအာင္ျမင္ခဲ့တဲ့ အနုပညာရွင္ေတြျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွခဲ့သူေတြ ျဖစ္ပါတယ္။ ဇာနည္နဲ့ ၾကည္လဲ့လဲ့ဦးတို့ ဇနီးေမာင္နွံကေတာ့ လက္ထပ္ျပီးေနာက္ပိုင္းမွာ အနုပညာလႈပ္ရွားမႈေတြကို ရပ္နားလိုက္ျပီး သာယာတဲ့ မိသားစုဘဝေလးကိုသာ တည္ေဆာက္လာခဲ့တာပဲ ျဖစ္ပါတယ္။ ဇာနည္နဲ့ ၾကည္လဲ့လဲ့ဦးတို့ကေတာ့ ရုပ္ရွင္ဇာတ္ကားေတြ မရိုက္ကူးျဖစ္ေတာ့ေပမယ့္ ပရိသတ္ေတြရဲ့ စိတ္ဝင္စားျခင္းကို ယေန့ထိတိုင္ ခံယူေနရဆဲ ျဖစ္ပါတယ္။

ကိုယ္ပိုင္စားေသာက္ကုန္လုပ္ငန္းကို တည္ေထာင္ထားျပီး ဇနီးေမာင္နွံနွစ္ေယာက္ ဒိုးတူေပါင္ဖက္အလုပ္ေတြ လုပ္ကိုင္ေနၾကတဲ့ ဇာနည္နဲ့ ၾကည္လဲ့လဲ့ဦးတုိ့ကေတာ့ သူတို့ရဲ့ လက္ရိွဘဝေလးကို ေက်နပ္ေနျပီပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ဇာနည္က စားသံုးသူေတြဆီ စားစရာေတြအေရာက္ပို့ေပးဖို့ အလုပ္ရႈပ္ေနတဲ့ ခ်စ္ဇနီးၾကည္လဲ့လဲ့ဦးရဲ့ ပံုရိပ္ေလးကို ခ်စ္ျမတ္နိုးစြာနဲ့ ဓာတ္ပံုေလးေတြရိုက္ထားတာကို သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနျပီး အခုလိုပဲ မွ်ေဝေပးလာခဲ့ပါတယ္။

ၾကည္လဲ့လဲ့ဦးကေတာ့ သူမကိုယ္တိုင္ စားေသာက္ဖြယ္ရာေတြကို ခ်က္ျပဳတ္ျပီး အြန္လိုင္းကေန ေရာင္းခ်ေပးေနသလို ဇာနည္ကလည္း ခ်စ္ဇနီးရဲ့ စားေသာက္ဖြယ္ရာမ်ားကုိ စားသံုးသူေတြဆီ အေရာက္ပို့ေပးရင္း ဇနီးေမာင္နွံနွစ္ေယာက္ တက္ညီလက္ညီ အလုပ္လုပ္ေနၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Zarni Htay’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စားသုံးသူတွေဆီ စားစရာတွေအရောက်ပို့ပေးဖို့ အလုပ်ရှုပ်နေတဲ့ ချစ်ဇနီးကြည်လဲ့လဲ့ဦးရဲ့ ပုံရိပ်လေးကို ချစ်မြတ်နိုးစွာနဲ့ ဓာတ်ပုံလေးတွေရိုက်ထားတဲ့ ဇာနည်

သရုပ်ဆောင် ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတွေ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ ဇနီးမောင်နှံကတော့ လက်ထပ်ပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားလိုက်ပြီး သာယာတဲ့ မိသားစုဘဝလေးကိုသာ တည်ဆောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ကတော့ ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ယနေ့ထိတိုင် ခံယူနေရဆဲ ဖြစ်ပါတယ်။

ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းကို တည်ထောင်ထားပြီး ဇနီးမောင်နှံနှစ်ယောက် ဒိုးတူပေါင်ဖက်အလုပ်တွေ လုပ်ကိုင်နေကြတဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးတို့ကတော့ သူတို့ရဲ့ လက်ရှိဘဝလေးကို ကျေနပ်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဇာနည်က စားသုံးသူတွေဆီ စားစရာတွေအရောက်ပို့ပေးဖို့ အလုပ်ရှုပ်နေတဲ့ ချစ်ဇနီးကြည်လဲ့လဲ့ဦးရဲ့ ပုံရိပ်လေးကို ချစ်မြတ်နိုးစွာနဲ့ ဓာတ်ပုံလေးတွေရိုက်ထားတာကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

ကြည်လဲ့လဲ့ဦးကတော့ သူမကိုယ်တိုင် စားသောက်ဖွယ်ရာတွေကို ချက်ပြုတ်ပြီး အွန်လိုင်းကနေ ရောင်းချပေးနေသလို ဇာနည်ကလည်း ချစ်ဇနီးရဲ့ စားသောက်ဖွယ်ရာများကို စားသုံးသူတွေဆီ အရောက်ပို့ပေးရင်း ဇနီးမောင်နှံနှစ်ယောက် တက်ညီလက်ညီ အလုပ်လုပ်နေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zarni Htay’s fb
Bilie – Cele Connections