


Source: May Panche’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဘေဘီမောင်တို့အိမ်ကို သွားရောက်လည်ပတ်ရင်း သူငယ်ချင်းတွေအတူတူ စားစားသောက်သောက်နဲ့ သီချင်းတွေဆိုပြီး ပျော်ရွှင်ခဲ့တဲ့ မေပန်းချီရဲ့ ဗီဒီယို

မြန်မာဆန်ဆန် လုံးကြီးပေါက်လှ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး မေပန်းချီက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာမှာ သရုပ်ဆောင်ခဲ့ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မေပန်းချီရဲ့ ဖွင့်ဖွင့်ထွားထွား ကောက်ကြောင်းအလှကို မိန်းကလေးပရိသတ်တွေက အားကျကြသလို ယောကျာ်းလေးပရိသတ်တွေကလည်း အားပေးဝန်းရံကြပါတယ်။ မေပန်းချီကလည်း သူမရဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြနေတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၁၁) ရက်နေ့မှာ မေပန်းချီက သူမရဲ့ အချစ်ဆုံး သူငယ်ချင်း ဘေဘီမောင်တို့ အိမ်သွားပြီး လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ မေပန်းချီက ဘေဘီမောင်နဲ့သံစဉ်မောင်တို့ ညီအစ်မနဲ့အတူတူ စားစားသောက်သောက်နဲ့ သီချင်းတွေဆိုပြီး ပျော်ရွှင်ခဲ့တဲ့ အမှတ်တရလေးကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ Live လွှင့်ပြီး ပြသလာခဲ့ပါတယ်။

မေပန်းချီနဲ့ ဘေဘီမောင်တို့ကတော့ အနုပညာလှုပ်ရှားမှုတွေ အတူတူ လုပ်ကိုင်ရင်း ခင်မင်ရင်းနှီးခဲ့ကြသူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ညီအစ်မလို သံယောဇဉ်ရှိသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Panche’s fb
Bilie – Cele Connections