ျမန္မာ့သဘင္ေလာကရဲ့ မ်ိဳးဆက္သစ္ေတြျဖစ္ၾကတဲ့ တင္ေမာင္ဆန္းမင္းဝင္းနဲ့ ဟန္ဇာမိုးဝင္း ကေတာ့ သူတုိ့ရဲ့ ဖခင္ၾကီးေတြရဲ့ အနုပညာအေမြေတြကို လက္ဆင့္ကမ္းထားနုိင္သူေတြ ျဖစ္ၾကပါတယ္။ အဆို၊ အက ေကာင္းသလို စိတ္ထားလည္းေကာင္းတဲ့ မင္းသားၾကီးေတြက အျပင္မွာလည္း တစ္ေယာက္နဲ့တစ္ေယာက္ ညီအစ္ကိုလို သူငယ္ခ်င္းလို ခ်စ္ၾကသူေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အတြဲညီျပီး အျမဲတမ္း တပူးပူး တတြဲတြဲရိွၾကတဲ့ တင္ေမာင္ဆန္းမင္းဝင္းနဲ့ ဟန္ဇာမိုးဝင္း တို့ နွစ္ေယာက္ရဲ့ အနုပညာလႈပ္ရွားမႈေတြသာမကပဲ အျပင္က လႈပ္ရွားမႈေတြကိုပါ စိတ္ဝင္တစားရိွၾကတာပဲ ျဖစ္ပါတယ္။

မေန့က နိုဝင္ဘာလ (၉) ရက္ေန့ကေတာ့ တင္ေမာင္ဆန္းမင္းဝင္းရဲ့သား မင္းေရႊေရာင္တင္ရဲ့ ေမြးေန့ေလးျဖစ္ျပီး ဟန္ဇာမိုးဝင္းနဲ့အတူတူ ခင္မင္ရင္းနွီးရသူေတြနဲ့ အတူတူ ဆင္ႏႊဲခဲ့ၾကတာ ျဖစ္ပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ တင္ေမာင္ဆန္းမင္းဝင္းနဲ့ ဟန္ဇာမိုးဝင္း တို့ကေတာ့ သူတို့ရဲ့ ရႊတ္ရႊတ္ေနာက္ေနာက္ ေျပာတတ္တဲ့ အက်င့္အတိုင္း လူရႊင္ေတာ္ၾကီး ခင္လိႈင္ရဲ့သမီး သဇင္ထူးျမင့္ကိုလည္း အစြံထုတ္ ရည္းစားရေစဖို့ ေစ်းဗန္းကူခင္းေပးခဲ့ၾကတာကို အခုလိုပဲ ေတြ့ရပါတယ္။

သဇင္ထူးျမင့္ကေတာ့ မၾကာခင္ ဒီဇင္ဘာလအတြင္းမွာ အသက္ (၂၁) နွစ္ ျပည့္ေတာ့မွာျဖစ္ျပီး အခုအခ်ိန္ထိ ရည္းစားရယ္လို့ မထားဖူးသူေလးပဲ ျဖစ္ပါတယ္။ ဦးခင္လိႈင္ၾကီးကေတာ့ သူ့ရဲ့ သမီးကို ေစ်းဗန္းခင္းေပးေနတဲ့ တင္ေမာင္ဆန္းမင္းဝင္းနဲ့ ဟန္ဇာမိုးဝင္းကို စိတ္ဆိုးရခက္ သေဘာက်ရခက္ေနမွာ ေသခ်ာပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Thazin Htoo Myint ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခင်လှိုင်ရဲ့သမီးလေး သဇင်ထူးမြင့်အတွက် ရည်းစားမြန်မြန်ရစေဖို့ ဈေးဗန်းကူခင်းပေးခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းရဲ့ ဗီဒီယို

မြန်မာ့သဘင်လောကရဲ့ မျိုးဆက်သစ်တွေဖြစ်ကြတဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်း ကတော့ သူတို့ရဲ့ ဖခင်ကြီးတွေရဲ့ အနုပညာအမွေတွေကို လက်ဆင့်ကမ်းထားနိုင်သူတွေ ဖြစ်ကြပါတယ်။ အဆို၊ အက ကောင်းသလို စိတ်ထားလည်းကောင်းတဲ့ မင်းသားကြီးတွေက အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလို သူငယ်ချင်းလို ချစ်ကြသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အတွဲညီပြီး အမြဲတမ်း တပူးပူး တတွဲတွဲရှိကြတဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်း တို့ နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေသာမကပဲ အပြင်က လှုပ်ရှားမှုတွေကိုပါ စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၉) ရက်နေ့ကတော့ တင်မောင်ဆန်းမင်းဝင်းရဲ့သား မင်းရွှေရောင်တင်ရဲ့ မွေးနေ့လေးဖြစ်ပြီး ဟန်ဇာမိုးဝင်းနဲ့အတူတူ ခင်မင်ရင်းနှီးရသူတွေနဲ့ အတူတူ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်း တို့ကတော့ သူတို့ရဲ့ ရွှတ်ရွှတ်နောက်နောက် ပြောတတ်တဲ့ အကျင့်အတိုင်း လူရွှင်တော်ကြီး ခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်ကိုလည်း အစွံထုတ် ရည်းစားရစေဖို့ ဈေးဗန်းကူခင်းပေးခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

သဇင်ထူးမြင့်ကတော့ မကြာခင် ဒီဇင်ဘာလအတွင်းမှာ အသက် (၂၁) နှစ် ပြည့်တော့မှာဖြစ်ပြီး အခုအချိန်ထိ ရည်းစားရယ်လို့ မထားဖူးသူလေးပဲ ဖြစ်ပါတယ်။ ဦးခင်လှိုင်ကြီးကတော့ သူ့ရဲ့ သမီးကို ဈေးဗန်းခင်းပေးနေတဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းကို စိတ်ဆိုးရခက် သဘောကျရခက်နေမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thazin Htoo Myint ‘s fb
Bilie – Cele Connections