


ယူနီကုဒ်ဖြင့်ဖတ်ရန်

ပင်ပန်းသမျှတွေအားလုံးမေ့ပြီး သားလေး အောင်ဗိုလ်ကောင်းသန့် Golf ရိုက်တဲ့နောက်ကို လိုက်စောင့်ရှောက်ရင်း အားလပ်ရက်ဖြတ်သန်းနေတဲ့ ထွန်းအိန္ဒြာဗိုလ်

သီချင်းဆိုလည်းကောင်း၊ သရုပ်ဆောင်လည်းထူးချွန်တဲ့ ထွန်းအိန္ဒြာဗိုလ်က ဂီတထူးချွန်ဆုတွေနဲ့တကွ အကယ်ဒမီဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်က အသက်အရွယ်တစ်ခုရောက်လာချိန်မှာ အနုပညာလုပ်ငန်းတွေကို လျှော့ချလိုက်ပြီး ခိုင်သင်းကြည်၊ ခန့်စည်သူတို့နဲ့အတူတူ “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းကြီးကိုသာ ဦးဆောင်လုပ်ကိုင်ကာ မိသားစုကို အချိန်ပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး မိသားစုနဲ့သာ အချိန်တွေကုန်ဆုံးဖြစ်နေတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အထူးသဖြင့် သားလေး အောင်ဗိုလ်ကောင်းသန့်နဲ့ အချိန်တွေကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထွန်းအိန္ဒြာဗိုလ်က သားလေး အောင်ဗိုလ်ကောင်းသန့် Golf ရိုက်တဲ့နောက်ကို လိုက်စောင့်ရှောက်ရင်း အားလပ်ရက်လေးကို သာသာယာယာဖြတ်သန်းနေပုံကို သူမရဲ့ ဖေ့်စဘုတ်စာမျက်နှာကနေ အခုလိုပဲ မျှဝေပေးလာပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ အားတဲ့အချိန် ရှားရှားပါးပါးလေးကို သားလေးအနားမှာသာ အချိန်တွေ ကုန်ဆုံးရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htun Aeindra Bo’s fb
Bilie – Cele Connections