


Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မကောင်းမှန်းသိပေမယ့် အခုအချိန်ထိ ပြင်လို့မရသေးတဲ့ အမူအကျင့်တစ်ခုအကြောင်းကို ပြသလာတဲ့ ရွှေထူး

နိုင်ငံကျော် အဆိုတော် ရွှေထူးကတော့ ပရိသတ်တွေ ခံစားချက်နဲ့ ထပ်တူကျတဲ့ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုရင်း အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာလောကမှာ ကျင်လည်လာခဲ့တာ ဆယ်စုနှစ်တစ်စုတိုင်ရှိနေပြီဖြစ်တဲ့ ရွှေထူးကတော့ ဆရာသမားတွေရဲ့ သွန်သင်ညွှန်ပြမှုနဲ့အတူတူ သူကိုယ်တိုင်ကလည်း ပြင်ဆင်ပြီး နေထိုင်လာခဲ့တဲ့အတွက် တစ်နေ့တစ်ခြား ကောင်းသတင်းတွေနဲ့ ကျော်ကြားလာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရွှေထူးက အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလောကမှာ နေရာရရှိနေပြီပဲ ဖြစ်ပါတယ်။

ငယ်ငယ်ကတော့ လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်နဲ့ စိတ်လွတ်ကိုယ်လွတ်နေထိုင်တတ်တဲ့ ရွှေထူးကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ရင့်ကျက်တည်ငြိမ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ရင့်ကျက်လာခဲ့ပြီဖြစ်ပြီး အသက်အရွယ်အရ တည်ငြိမ်လာပြီဖြစ်တဲ့ ရွှေထူးက မကောင်းမှန်းသိပေမယ့် အခုအချိန်ထိ ပြင်လို့မရသေးတဲ့ အမူအကျင့်တစ်ခုအကြောင်းကို ပြောပြာလာပါတယ်။ ရွှေထူးက သူ့ရဲ့လမ်းလျှောက်ပုံက အရင်ကအတိုင်း ထောင့်မကျိုးသေးဘူးဆိုပြီး သူ့ကိုယ်သူ အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ ပြသလာတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ မကောင်းမှန်းသိပေမယ့် အခုအချိန်ထိ ပြင်လို့မရသေးတဲ့ အမူအကျင့်တစ်ခုအကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်တဲ့သူတွေကတော့ ချစ်တဲ့မျက်စိနဲ့ ကြည့်ပေးကြမှာ သေချာပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections