


ယူနီကုဒ်ဖြင့်ဖတ်ရန်

(၄၃)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ တစ်ထောင့်တစ်နေရာကနေပြီး ပါဝင်အားဖြည့်ပေးခဲ့တဲ့ ဝင့်ယမုံနိုင်နဲ့ ဘုန်းရှိန်ခန့်

ပြည်သူချစ် သရုပ်ဆောင်များဖြစ်ကြတဲ့ ဝင့်ယမုံနိုင်နဲ့ ဘုန်းရှိန်ခန့်တို့နှစ်ယောက်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သူများ ဖြစ်ကြပါတယ်။ ဝင့်ယမုံနိုင်နဲ့ ဘုန်းရှိန်ခန့်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ Sign Of Love ဇာတ်လမ်းတွဲမှာကတည်းက အတူတူသရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အပြင်မှာလည်းတစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးခဲ့တဲ့အချိန်တွေက နှစ်ပေါင်းအတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝင့်ယမုံနိုင်နဲ့ ဘုန်းရှိန်ခန့်တို့ နှစ်ယောက်စလုံးက အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစ်ကိုယ်တည်း Single တွေအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့မှာတော့ မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်နဲ့ ဘုန်းရှိန်ခန့်တို့ သူငယ်ချင်းနှစ်ယောက်ကလည်း Forever Group က သရုပ်ဆောင်တွေ ကိုယ်စား ပါဝင် အားဖြည့်ပေးခဲ့ကြောင်းကို “ယနေ့ပြုလုပ်ကျင်းပတဲ့ (၄၃)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ပါဝင်အားဖြည့်ခွင့်ရလို့ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မတို့ Forever Group မိသားစုကြီးလည်း ဒီထက်မကအမြဲတမ်းလှူတန်းသာသနာပြုနိုင်ပါစေရှင့် 🙏🙏🙏” ဆိုပြီး ဝင့်ယမုံနိုင်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

ဝင့်ယမုံနိုင်နဲ့ ဘုန်းရှိန်ခန့်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ Forever Group က သရုပ်ဆောင်တွေ ကိုယ်စား (၄၃)ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ တစ်ထောင့်တစ်နေရာကနေပြီး ပါဝင်အားဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wint Yamone Naing’s fb
Bilie – Cele Connections