


Source: Kyaw Thu ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဆေးရုံကဆင်းပြီး နာရေးကူညီမှုအသင်းမှာ တစ်ယောက်တည်းသီးသန့်ခွဲနေနေတဲ့ ထွန်းကိုကိုအတွက် အားတက်စေမယ့်စကားတစ်ခွန်းပြောလာတဲ့ ကျော်သူ

ပရဟိတမင်းသားတွေဖြစ်ကြတဲ့ ကျော်သူနဲ့ ထွန်းကိုကိုတို့ကတော့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်သလို အများအကျိုးကို သယ်ပိုးဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။ ကျော်သူနဲ့ ထွန်းကိုကိုတို့က Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရပြီး မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရကာ အခုဆိုရင် ဆေးရုံဆင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆေးရုံဆင်းပြီးနောက် နေအိမ်အသီးသီးမှာပဲ Self Quarantine ဝင်နေရတဲ့ ဦးကျော်သူက ဒီကနေ့မှာတော့ ထွန်းကိုကိုက အားတက်စေမယ့်စကားတစ်ခွန်းပြောလာတာကို တွေ့ရပါတယ်။

ကျော်သူက သူ့ရဲ့နေအိမ်မှာတော့ ခေါင်းလောင်းလေးတီးပြီး အိမ်သားတွေနဲ့ ဆက်သွယ်သလို နာရေးကူညီမှုအသင်းမှာနေနေတဲ့ ထွန်းကိုကိုလည်း ဝစီလေးမှုတ်ပြီး အသင်းသားတွေနဲ့ ဆက်သွယ်သင့်ကြောင်းကို “ထွန်းကိုကိုရေ… မင်းကတော့ အသင်းမှာဆိုတော် “ဝီစီ”သာ ဆောင်ထားလိုက်။ အရေးပေါ်တစ်ဖွဲ့လုံး လာကူလိမ့်မယ် ” ဆိုပြီး စစနောက်နောက်နဲ့ အားပေးစကား ပြောထားတာပဲ ဖြစ်ပါတယ်။

ထွန်းကိုကိုကတော့ Covid-19 ရောဂါပိုးကူးစက်ခံနေရတဲ့ ကျော်သူကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ သူကိုယ်တိုင် ရောဂါပိုးအကူးခံခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဦးကျော်သူရော ထွန်းကိုကိုတို့နှစ်ယောက်စလုံးက ရောဂါပိုးပျောက်ကင်းနေပြီဆိုပေမယ့် ပိုပြီးစိတ်ချရအောင် တစ်ယောက်တည်း သီးသန့်ခွဲနေပြီး Self Quarantine နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Kyaw Thu ‘s fb
Bilie – Cele Connections