နိုင္ငံေက်ာ္ မင္းသားတစ္ေယာက္ျဖစ္တဲ့ ဇြဲနိုင္ဝင္းကေတာ့ အကယ္ဒမီေဒြးနဲ့အတူတူ ရုပ္ရွင္ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သရုပ္ေဆာင္ရင္း ေအာင္ျမင္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဇြဲနိုင္ဝင္းကေတာ့ ေဒြးကြယ္လြန္သြားျပီးခ်ိန္မွာလည္း အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ရင္း သရုပ္ေဆာင္တစ္ေယာက္အျဖစ္သာမက သီခ်င္းေတြကိုလည္း ကိုယ္ပိုင္သီဆိုရင္း ဒီေန့ဒီအခ်ိန္ထိ အနုပညာေလာကမွာ က်င္လည္ေနဆဲ ျဖစ္ပါတယ္။ ဇြဲနိုင္ဝင္းက လက္ရိွအခ်ိန္ထိတိုင္ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္း လူပ်ိဳၾကီးတစ္ေယာက္အျဖစ္ မိဘနွစ္ပါးကို ျပဳစုေစာင့္ေရွာက္ေနဆဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ဇြဲနုိင္ဝင္းက သူ့ရဲ့ မဂၤလာရိွတဲ့ ပီတိေလးတစ္ခုကို ပရိသတ္ေတြဆီ မွ်ေဝလာပါတယ္။ ဇြဲနိုင္ဝင္းက “ဒီႏွစ္ သီတင္းကြၽတ္အတြက္ ကြၽန္ေတာ့္ ေဖႀကီးနဲ႔ေမႀကီး ကို ကြၽန္ေတာ့္ လုပ္အားနဲ႔ ရတဲ့ထဲက က်ပ္သိန္း (၂၀) ကို ကန္ေတာ့ပါတယ္ ။ ေဖႀကီးနဲ႔ေမႀကီး က်န္းမာပါေစ ခ်မ္းသာပါေစ ။ ယခုထက္မက သား ကန္ေတာ့ႏိုင္ၿပီး ေက်းဇူးဆပ္ခြင့္ ရပါရေစ။ အခု လိုအခ်ိန္ကာလမ်ိဳးမွာ ကြၽန္ေတာ့္ကို ယုံၾကည္ေပးတယ့္ အလုပ္ရွင္ ေက်းဇူးရွင္ မိသားစု မ်ားလဲ က်န္းမာ ခ်မ္းၾကပါေစ။ ” ဆိုျပီး သူ့ရဲ့ ပီတိေလးကို ပရိသတ္ေတြ ထပ္တူရရိွေစဖို့ မွ်ေဝေပးထားတာ ျဖစ္ပါတယ္။

ဇြဲနိုင္ဝင္းကေတာ့ သူရရိွသမွ် အနုပညာေၾကးေတြထဲက သိန္း (၂၀) တိတိနဲ့ မိဘနွစ္ပါးကို ကန္ေတာ့ခဲ့တာပဲ ျဖစ္ပါတယ္။ မိဘကို သိတတ္တဲ့ သားလိမၼာ ဇြဲနိုင္ဝင္းတစ္ေယာက္ ဒီထက္မက ေအာင္ျမင္မႈေတြ ရရိွပိုင္ဆိုင္နိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Zwe Naing Win’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လုပ်အားနဲ့ရရှိသမျှထဲက ငွေကျပ် သိန်း (၂၀) တိတိနဲ့ မိဘနှစ်ပါးကို သီတင်းကျွတ်ကန်တော့ခဲ့တဲ့ ဇွဲနိုင်ဝင်း

နိုင်ငံကျော် မင်းသားတစ်ယောက်ဖြစ်တဲ့ ဇွဲနိုင်ဝင်းကတော့ အကယ်ဒမီဒွေးနဲ့အတူတူ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဇွဲနိုင်ဝင်းကတော့ ဒွေးကွယ်လွန်သွားပြီးချိန်မှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက သီချင်းတွေကိုလည်း ကိုယ်ပိုင်သီဆိုရင်း ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ ကျင်လည်နေဆဲ ဖြစ်ပါတယ်။ ဇွဲနိုင်ဝင်းက လက်ရှိအချိန်ထိတိုင် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက်အဖြစ် မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်နေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဇွဲနိုင်ဝင်းက သူ့ရဲ့ မင်္ဂလာရှိတဲ့ ပီတိလေးတစ်ခုကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။ ဇွဲနိုင်ဝင်းက “ဒီနှစ် သီတင်းကျွတ်အတွက် ကျွန်တော့် ဖေကြီးနဲ့မေကြီး ကို ကျွန်တော့် လုပ်အားနဲ့ ရတဲ့ထဲက ကျပ်သိန်း (၂၀) ကို ကန်တော့ပါတယ် ။ ဖေကြီးနဲ့မေကြီး ကျန်းမာပါစေ ချမ်းသာပါစေ ။ ယခုထက်မက သား ကန်တော့နိုင်ပြီး ကျေးဇူးဆပ်ခွင့် ရပါရစေ။ အခု လိုအချိန်ကာလမျိုးမှာ ကျွန်တော့်ကို ယုံကြည်ပေးတယ့် အလုပ်ရှင် ကျေးဇူးရှင် မိသားစု များလဲ ကျန်းမာ ချမ်းကြပါစေ။ ” ဆိုပြီး သူ့ရဲ့ ပီတိလေးကို ပရိသတ်တွေ ထပ်တူရရှိစေဖို့ မျှဝေပေးထားတာ ဖြစ်ပါတယ်။

ဇွဲနိုင်ဝင်းကတော့ သူရရှိသမျှ အနုပညာကြေးတွေထဲက သိန်း (၂၀) တိတိနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ သားလိမ္မာ ဇွဲနိုင်ဝင်းတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zwe Naing Win’s fb
Bilie – Cele Connections