


ယူနီကုဒ်ဖြင့်ဖတ်ရန်

စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မဆီက သီတင်းကျွတ်လက်ဆောင်တစ်ခုကို အမှတ်တရလေး ရရှိခဲ့တဲ့ ခင်ဇာခြည်ကျော်

ဇာလေးလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ အကယ်ဒမီဆုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကတော့ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို စွဲစွဲမြဲမြဲလုပ်ကိုင်နေသလို စီးပွားရေးလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေလျက်ရှိပါ တယ်။ ဒါ့အပြင် ခင်ဇာခြည်ကျော်က သူမရဲ့ အနုပညာသွေးတွေ စီဆင်းနေတဲ့ သားနဲ့သမီးကိုလည်း အနုပညာလမ်းကြောင်းပေါ်ရောက်အောင် မြေတောင်မြှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

အနုပညာလောကမှာ ကျင်လည်လာခဲ့တာ နှစ်ပေါင်းအတော်ကြာနေသူတစ်ယောက်ပီပီ ခင်ဇာခြည်ကျော်က ခင်မင်ရင်းနှီးသူတွေလည်း အတော်များများရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခင်ဇာခြည်ကျော်က သူမရဲ့ ခင်မင်နှီးနှီးနဲ့ နာမည်ကြီး မင်းသမီးနှစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မဆီက သီတင်းကျွတ်လက်ဆောင်အဖြစ် လုံခြည်တစ်ထည်ကို လက်ဆောင်ရရှိခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ခင်ဇာခြည်ကျော်နဲ့အတူတူ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မတွေက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားအတော်များများမှာ သရုပ်ဆောင်ဖူးသလို အပြင်မှာလည်း ခင်မင်ရင်းနှီးတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khin Zar Chi Kyaw ‘s fb
Bilie – Cele Connections