


ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသမီးချောလေးတစ်ယောက်ပီပီ နေမကောင်းဖြစ်တာတောင် သာမာန်လူတွေနဲ့မတူညီတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်လေး

ပရိသတ်တွေက သဲ လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချောလေး ရွှေမှုံရတီကတော့ ဆယ်ကျော်သက်အရွယ်ကတည်းကနေ မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပြီး လက်ရှိမှာတော့ ထိပ်တန်းအနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ ရွှေမှုံရတီက အစစအရာရာ ပြည့်စုံသူတစ်ယောက်လို့ ပရိသတ်တွေထင်ကြပေမယ့် သူမရဲ့ မွေးရာပါနှလုံးရောဂါကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ အပြုအစု အယုအယတွေကြောင့် ဆေးရုံတက်ရတဲ့အချိန်တွေ သိသိသာသာလျော့နည်းသွားခဲ့တာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။

ကျန်းမာရေးအခံကြောင့် မကြာခဏ ဆေးရုံ၊ ဆေးခန်းသွားရလေ့ရှိတဲ့ ရွှေမှုံရတီကို ပရိသတ်တွေက အမြဲတမ်း စိုးရိမ်ကြပေမယ့် ရွှေမှုံရတီကတော့ မှန်ကန်တဲ့ ဆေးဝါးကုသမှုတွေကြောင့် ပြန်လည်သက်သာစမြဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေမှုံရတီက သူမနေကောင်းဖြစ်ခဲ့တဲ့ အချိန်က အမှတ်တရဓာတ်ပုံလေးကို “😬ပြင်ဦးလွင်မှာ ဖျားတုန်းက 😂” ဆိုပြီး အမှတ်တရပြသလာခဲ့ပါတယ်။

ရွှေမှုံရတီကတော့ မင်းသမီးတစ်ယောက်ပီပီ နေမကောင်းဖြစ်ပြီး မျက်နှာလေး နွမ်းလျနေချိန်မှာတောင် အရမ်းချစ်စရာကောင်းနေတာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။ ဘယ်လောက်ပဲ ဒီပုံလေးက ချစ်စရာကောင်းကောင်း ရွှေမှုံတစ်ယောက် နေမကောင်းမဖြစ်ပဲ အမြဲတမ်း ကျန်းမာဖို့ ဆုတောင်းပေးပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections