


Source: Nay Chi Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သွားစရာပွဲလမ်းသဘင်လည်းမရှိပဲ မိတ်ကပ်အပြည့်နဲ့ ဝတ်ကောင်းစားလှတွေ နေ့တိုင်းဝတ်နေရတဲ့အကြောင်းကို ဗီဒီယိုလေးရိုက်ပြီး လှလှပပလေးချေပလာတဲ့ နေခြည်ဦး

ပရိသတ်ချစ်တဲ့ နေခြည်ဦးကတော့ အောင်မြင်မှုတွေ ရရှိလာတဲ့အမျှ ပရိသတ်တွေ စိတ်ဝင်စားခြင်းကို အပြည့်အဝ ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ် ။ နေခြည်ဦးကတော့ သူမရဲ့ ပထမဦးဆုံးလမ်းကြောင်းဖြစ်တဲ့ Beauty Blogger, Social Influencer တစ်ယောက်အပြင် ဒုတိယလမ်းကြောင်းဖြစ်တဲ့ အနုပညာလမ်းကြောင်းကိုလည်း အချိန်သင့်တင့်မျှတစွာ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး သွက်လက်လွန်းတဲ့ နေခြည်ဦးကို သူမဘာလေးပဲလုပ်လုပ် အားပေးကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အရင်ကလောက် အလုပ်တွေ များမနေတော့တဲ့ နေခြည်ဦးကတော့ အားလပ်ချိန်တွေရှိနေပြီဆိုပေမယ့် အမြဲတမ်း လှလှပပ၊ ကြော့ကြော့မော့မော့လေးသာနေပြီး သူမရဲ့ ပရိသတ်တွေအတွက် ဓာတ်ပုံလှလှလေးတွေကို မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေခြည်ဦးက ဘယ်မှသွားစရာမရှိပဲ မိတ်ကပ်အပြည့်နဲ့ ဝတ်ကောင်းစားလှတွေ နေ့တိုင်းဝတ်နေရတဲ့အကြောင်းကို Tik Tok ဗီဒီယိုလေးနဲ့တကွ အခုလိုပဲ ချေပပြောဆိုလာတာကို တွေ့ရပါတယ်။

နေခြည်ဦးကတော့ Tik Tok ဗီဒီယိုတွေရိုက်ရင်လည်း သာမာန်လူတွေဆီမှာ မမြင်တွေ့ရတဲ့ ဗီဒီယိုလေးတွေကို ထူးထူးခြားခြား ရိုက်ကူးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ လှလှပပနေရတဲ့အကြောင်းလေးကို သိပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie – Cele Connections