


Source: Warso Moe Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အအေးဘူးတွေကြား အချဉ်ရည်ပုလင်းကြီးထားပြီး ချစ်သူဝါဆိုမိုးဦးကို တစ်သောင်းတန်တွေအထပ်လိုက်နဲ့ Challenge ခေါ်ခဲ့တဲ့ ဖြိုးလေးရဲ့ အခွီဗီဒီယို

အနုပညာရှင်စုံတွဲထဲက အထာကျပြီး ခေတ်ရှေ့ပြေးတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲက လူငယ်ပရိသတ်တွေရဲ့ အားကျချစ်ခင်ခြင်းခံရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့က အနုပညာအလုပ်တွေကို ကိုယ်စီလုပ်ကိုင်နေကြသလို တစ်ယောက်ကိုတစ်ယောက် လက်တွဲမဖြုတ်စတမ်း ချစ်လာခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း (၅) နှစ်နီးပါးတောင် ရှိပြီပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက လက်ရှိမှာလည်း နားလည်မှုတွေကိုယ်စီရှေ့ဆက်နေကြပြီး သာယာတဲ့ အချစ်လမ်းခရီးကို တူနှစ်ကိုယ် လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေမရှိတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးကတော့ သူတို့နှစ်ယောက်ရဲ့ ဟာသဗီဒီယိုလေးတွေကို မျှဝေရင်း ပရိသတ်တွေအတွက် ဘဝအမောတွေ ပြေပျောက်စေဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖြိုးလေးက အအေးဘူးတွေကြား အချဉ်ရည်ပုလင်းကြီးထားပြီး ချစ်သူဝါဆိုမိုးဦးကို တစ်သောင်းတန်တွေအထပ်လိုက်နဲ့ Challenge ခေါ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးကတော့ ပရိသတ်တွေ ဘဝအမောပြေပျောက်စေဖို့ သူတို့နှစ်ယောက်ရဲ့ ရယ်စရာအဖြစ်အပျက်လေးတွေကို ဗီဒီယိုလေးကနေတဆင့် တင်ဆက်ပေးလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးလေးနဲ့ ဝါဆိုမိုးဦးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Warso Moe Oo’s fb
Bilie – Cele Connections