


ယူနီကုဒ်ဖြင့်ဖတ်ရန်

မိဘနှစ်ပါးမှာ Covid-19 ရောဂါပိုးရှိနေပေမယ့် ကံကောင်းစွာနဲ့ပဲ ရောဂါကူးစက်ခြင်းမခံခဲ့ရတဲ့ ရှိန်းတင့်ထူး

အသက်နှစ်ဆယ်စွန်းစွန်းအရွယ်သာရှိသေးပြီး ချိုသာတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ တက်သစ်စ မင်းသားလေး ရှိန်းတင့်ထူးကိုတော့ Tik Tok ဗီဒီယိုလေးတွေကနေတဆင့် သိပြီးသား ဖြစ်မှာပါ။ ရှိန်းတင့်ထူးကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး “ည” ရုပ်ရှင်ဇာတ်ကားကြီးကတော့ သူ့ကို ပိုပြီး လူသိများ ထင်ရှားလာစေခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မိန်းကလေးပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ မင်းသားလေး ရှိန်းတင့်ထူးကို သတိထားမိစွာနဲ့ အားပေးနေကြလျက်ရှိပါတယ်။

လက်ရှိမှာ အနုပညာအလုပ်တွေကို ဆိုင်းငံ့ထားတဲ့ ရှိန်းတင့်ထူးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ သူ့ရဲ့ မိဘနှစ်ပါးစလုံးမှာ Covid-19 ရောဂါပိုးတွေ့ရှိလို့ Hotel Quarantine ဝင်နေရကြောင်း ပြောလာပါတယ်။ ပရိသတ်တွေကတော့ ရှိန်းတင့်ထူးအတွက် စိုးရိမ်နေခဲ့ကြပြီး ဒီနေ့မှာတော့ ရှိန်းတင့်ထူးက “ကျွန်တော်ကတော့ negative ပါတဲ့ …” ဆိုပြီး သူ့ဆီမှာတော့ ရောဂါပိုးကူးစက်ခံခဲ့ရခြင်းမရှိကြောင်း ပြောလာပါတယ်။

ရှိန်းတင့်ထူးကတော့ မိဘနှစ်ပါးမှာ ကိုဗစ်ရောဂါပိုးရှိနေပေမယ့် ကံကောင်းစွာနဲ့ပဲ ရောဂါကူးစက်ခြင်းမခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ရှိန်းတင့်ထူးရဲ့ မိဘနှစ်ပါးလည်း အမြန်ဆုံးနေကောင်းကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sheintin Htoo’s fb
Bilie – Cele Connections