


Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေတောင် အားကျစေတဲ့အထိ Public မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့အကြောင်းတွေ အပြန်အလှန်ပြောခဲ့ကြတဲ့ ရွှေနှစ်ရွှေ

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ အချိန်တိုအတွင်းမှာ နက်ရှိုင်းစွာချစ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ချစ်သူသက်တမ်း အနည်းငယ်အတွင်းမှာ လက်ထပ်ခဲ့ကြပေမယ့် ကြည်နူးသာယာစဖွယ် အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ အိမ်ထောင်သက် (၂) နှစ်ပြည့်တော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း တစ်ယောက်အပေါ်တစ်ယောက်ချစ်တဲ့ အချစ်တွေကတော့ လျော့နည်းမသွားတဲ့အပြင် ပိုလို့တောင် တိုးလာခဲ့ပါတာကို တွေ့ရပါတယ်။

ဒီကနေ့မှာတော့ ရွှေထူးက သူတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ Pre Wedding ဗီဒီယိုလေးကို အမှတ်တရ ပြန် Share ရင်း “သိပ်ချစ်တယ်ချစ်ဇနီး … ❤️❤️❤️” ဆိုပြီး ချစ်ဇနီးလေး ရွှေမှုံရတီကို ချစ်တဲ့အကြောင်းတွေ ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပါတယ်။ ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူရဲ့ ကြင်နာမှုအပြည့်နဲ့ ချစ်စကားကို “Love you more pa❤️” ဆိုပြီး ပြန်လည်ပြောခဲ့တာကြောင့် ပရိသတ်တွေခမျာ အားမကျပဲနဲ့ကို မနေနိုင်ခဲ့ကြပါဘူး။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ချစ်တဲ့အကြောင်းတွေကို လူတွေသိအောင် ဖွင့်ထုတ်ပြဖို့ ဝန်မလေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေကိုကြည့်ပြီး ချစ်ခြင်းမေတ္တာစိတ်တွေ ကူးစက်သွားကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections