


ယူနီကုဒ်ဖြင့်ဖတ်ရန်

အနွေးထည်အထပ်ထပ်ဝတ်ပြီး စတိုင်လ်ထုတ်ပဲများနေတဲ့ သူငယ်ချင်းအောင်မင်းခန့်ကို စကားတစ်ခွန်တည်းနဲ့ ဆွံ့အသွားအောင်လုပ်ခဲ့တဲ့ အောင်လေး

ချောမောတဲ့ ရုပ်ရည်တွေကို ပိုင်ဆိုင်ထားပြီး အမိုက်စား ခန္ဓာကိုယ်အချိုးအစားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောတွေဖြစ်ကြတဲ့ အောင်မင်းခန့်နဲ့ အောင်လေးကတော့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ထားနိုင်သူတွေပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်နဲ့ အောင်လေးတို့ကတော့ အနုပညာအလုပ်တွေကိုလည်း အသီးသီးလုပ်ကိုင်ဖူးသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ပြောမနာ ဆိုမနာနဲ့ ခင်မင်ရင်းနှီးကြတဲ့ အချစ်ဆုံး သူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။

အချစ်ဆုံး သူငယ်ချင်းတွေပီပီ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း စနောက်ကျီစယ်လေ့ရှိတဲ့ အောင်လေးနဲ့ အောင်မင်းခန့်တို့ကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေကို ပြုံးယောင်ယောင်ဖြစ်အောင် ပြုလုပ်ခဲ့ပြန်ပါပြီ။ အောင်လေးကတော့ အောင်မင်းခန့်ရဲ့ အနွေးထည်အထပ်ထပ်ဝတ်ပြီး စတိုင်လ်ထုတ်ပဲများနေတဲ့ ဓာတ်ပုံတွေအောက်မှာ “တစ်ယောက်တည်းဆောင်းတွင်းရောက်နေတယ်😂” ဆိုပြီး မန့်ခဲ့တာကြောင့် ပရိသတ်တွေခမျာ သဘောကျနေရတာပဲ ဖြစ်ပါတယ်။

အောင်လေးကတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း အောင်မင်းခန့်ကို ဆေးထိုးပြီးစနောက်ခဲ့တာကြောင့် အောင်မင်းခန့်ခမျာ ဆွံ့အသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူငယ်ချင်းနှစ်ယောက်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျနေကြမှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Min Khant ‘s fb
Bilie – Cele Connections