


ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်စရာအရမ်းကောင်းပြီး လိမ္မာရေးခြားရှိတဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့သားလေး မင်းရွှေရောင်တင်အတွက် အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကတော့ ဒါရိုက်တာဏကြီးနဲ့ အိမ်ထောင်ကျပြီး သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ အိမ်ထောင်သက် (၂) နှစ်နီးပါးမှာ သားသမီးရတနာမထွန်းကားသေးတာကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ သားသမီးတွေကိုသာ အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပိုင်ဖြိုးသုက သဘင်ပညာရှင် မင်းသားချော တင်မောင်ဆန်းမင်းဝင်းရဲ့သားလေး မင်းရွှေရောင်တင်အတွက် အခုလိုပဲ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာပါတယ်။

“Happy Birthdayပါတီတီသုချစ်ရတဲ့ “ပူတူးလေး”ခေါ် “ဆိုးပေလေး “🎂🎉🥰 ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပဲ”တီတီသု”လို့ပြောပြော “မားသု”လို့ပဲအမြဲခေါ်တဲ့ကလေးလေး 🥰 မိဘအပေါ်သိတတ်လိမ္မာသလိုအနုပညာကိုချစ်မြတ်နိုးတဲ့ကလေးလေး 😍နှစ်ပေါင်းများစွာအောင်မြင်ပြီးလူချစ်လူခင်ပေါများတဲ့အနုပညာရှင်ကြီးအဖြစ်ရပ်တည်နိုင်ပါစေ ❤️🥰😍 ကိုဗစ်ကြီးပြီးရင်တွေ့ကြမယ်နော် 😍 သားသားကတီတီသုတို့ကိုကပြဦး 😜” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာပါတယ်။

ပိုင်ဖြိုးသုကတော့ “ဆိုးပေ” ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ခဲ့တဲ့ သားသားလေး မင်းရွှေရောင်တင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး မင်းရွှေရောင်တင်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyoe Thu ‘s fb
Bilie – Cele Connections