အနုပညာေလာကရဲ့ နာမည္ၾကီးမင္းသမီးနွစ္ေယာက္ျဖစ္ၾကတဲ့ ေခ်ာရတနာနဲ့ သႏၱာဗိုလ္တို့ ညီအစ္မနွစ္ေယာက္စလံုးကို လူၾကီး၊ လူငယ္ ပရိသတ္အားလံုး ခ်စ္ခင္အားေပးၾကမယ္ ထင္ပါတယ္။ ေခ်ာရတနာကလည္း အကယ္ဒမီဆုရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္မႈေတြရရိွေနသလို သႏၱာဗိုလ္ကလည္း သရုပ္ေဆာင္နဲ့ ေမာ္ဒယ္လ္ေလာကမွာ ေနရာအခိုင္အမာရရိွပိုင္ဆိုင္ေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ေခ်ာရတနာနဲ့ သႏၱာဗိုလ္က အနုပညာအလုပ္ေတြလုပ္ကိုင္ရင္း ျပီးခဲ့တဲ့လပိုင္းကပဲ ကြယ္လြန္သြားရွာတဲ့ သူမတို့ရဲ့မိခင္ၾကီးအတြက္ ေကာင္းမႈကုသိုလ္ေတြ အဆက္မျပတ္လုပ္ကိုင္ေနလ်က္ရိွပါတယ္။

ေက်းဇူးရွင္ မိခင္ၾကီး လူ့ေလာကထဲမွာမရိွေတာ့ေပမယ့္ ေန့စဥ္တစ္ရက္မွ မေမ့ေလ်ာ့ခဲ့တဲ့ ေခ်ာရတနာနဲ့ သႏၱာဗိုလ္တို့ ညီအစ္မကေတာ့ ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ရင္းနဲ့သာ မိခင္ၾကီး သာဓုေခၚဆိုနိုင္ဖုိ့ ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ မေန့က နိုဝင္ဘာလ (၇) ရက္ေန့မွာလည္း ေခ်ာရတနာနဲ့ သႏၱာဗိုလ္တို့ ညီအစ္မက ကြယ္လြန္သြားတာ (၇) လတင္းတင္း ျပည့္သြားျပီျဖစ္တဲ့ မိခင္အတြက္ ရည္စူးျပီး သံဃာေတာ္မ်ားထံ ဝတၳဳေငြမ်ား လွဴဒါန္းေပးခဲ့တာကို ေတြ့ရပါတယ္။

ေခ်ာရတနာတို့ ညီအစ္မေတြကေတာ့ မိခင္ၾကီး ေနာက္ဆံမတင္းရေလေအာင္ ၾကိဳးစားေနထိုင္ေနတာျဖစ္ျပီး မိခင္ၾကီးအတြက္ ရည္စူးကုသိုလ္ေတြ ျပဳလုပ္ရင္းနဲ့သာ ေန့ရက္တိုင္းကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ေခ်ာရတနာတို့ရဲ့မိခင္ၾကီးလည္း ေကာင္းရာဘံုဘဝကေန သမီးေတြရဲ့ ကုသိုလ္အတြက္ ဝမ္းေျမာက္စြာသာဓုေခၚဆိုေနမွာ ေသခ်ာပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thandar Bo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူ့လောကထဲက ထွက်ခွာသွားတာ (၇)လပြည့်သွားပြီဖြစ်တဲ့ မေမေ့အတွက် သတိရတမ်းတရင်း ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးနေတဲ့ ချောရတနာနဲ့ သန္တာဗိုလ်

အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးနှစ်ယောက်ဖြစ်ကြတဲ့ ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအစ်မနှစ်ယောက်စလုံးကို လူကြီး၊ လူငယ် ပရိသတ်အားလုံး ချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ ချောရတနာကလည်း အကယ်ဒမီဆုရှင်တစ်ယောက်အဖြစ် အောင်မြင်မှုတွေရရှိနေသလို သန္တာဗိုလ်ကလည်း သရုပ်ဆောင်နဲ့ မော်ဒယ်လ်လောကမှာ နေရာအခိုင်အမာရရှိပိုင်ဆိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ ချောရတနာနဲ့ သန္တာဗိုလ်က အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ပြီးခဲ့တဲ့လပိုင်းကပဲ ကွယ်လွန်သွားရှာတဲ့ သူမတို့ရဲ့မိခင်ကြီးအတွက် ကောင်းမှုကုသိုလ်တွေ အဆက်မပြတ်လုပ်ကိုင်နေလျက်ရှိပါတယ်။

ကျေးဇူးရှင် မိခင်ကြီး လူ့လောကထဲမှာမရှိတော့ပေမယ့် နေ့စဉ်တစ်ရက်မှ မမေ့လျော့ခဲ့တဲ့ ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအစ်မကတော့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်းနဲ့သာ မိခင်ကြီး သာဓုခေါ်ဆိုနိုင်ဖို့ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၇) ရက်နေ့မှာလည်း ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအစ်မက ကွယ်လွန်သွားတာ (၇) လတင်းတင်း ပြည့်သွားပြီဖြစ်တဲ့ မိခင်အတွက် ရည်စူးပြီး သံဃာတော်များထံ ဝတ္ထုငွေများ လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

ချောရတနာတို့ ညီအစ်မတွေကတော့ မိခင်ကြီး နောက်ဆံမတင်းရလေအောင် ကြိုးစားနေထိုင်နေတာဖြစ်ပြီး မိခင်ကြီးအတွက် ရည်စူးကုသိုလ်တွေ ပြုလုပ်ရင်းနဲ့သာ နေ့ရက်တိုင်းကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချောရတနာတို့ရဲ့မိခင်ကြီးလည်း ကောင်းရာဘုံဘဝကနေ သမီးတွေရဲ့ ကုသိုလ်အတွက် ဝမ်းမြောက်စွာသာဓုခေါ်ဆိုနေမှာ သေချာပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Thandar Bo’s fb
Bilie – Cele Connections