နိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ အနုပညာရွင္ၾကီးေတြျဖစ္တဲ့ ဒါရိုက္တာစင္ေရာ္ေမာင္ေမာင္နဲ့ မင္းသမီး ေမသန္းနုတို့ရဲ့ တစ္ဦးတည္းေသာသား မင္းသန့္ေမာင္ေမာင္ကေတာ့ မိဘနွစ္ပါးေၾကာင့္ အနုပညာကို အေသြးထဲအသားထဲက ဝါသနာပါသူတစ္ေယာက္ ျဖစ္ပါတယ္။ မင္းသန့္ေမာင္ေမာင္က အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္မွာ ရုပ္ရွင္ဒါရိုက္တာ ပညာကို သင္ယူခဲ့ျပီးေနာက္ အခုဆိုရင္ ဒါရိုက္တာတစ္ေယာက္အျဖစ္ ျမန္မာနိုင္ငံမွာအေျခခ် လုပ္ကိုင္ေနျပီပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ဒါရိုက္တာတစ္ေယာက္အျဖစ္ ေၾကာ္ျငာေတြကိုရိုက္ကူးေနျပီျဖစ္တဲ့ မင္းသန့္ေမာင္ေမာင္က ဒီကေန့မွာေတာ့ ေတာင္ကိုရီးယားမင္းသား Ryu Sang Wook၊ ျမန္မာမင္းသမီး ဝတ္မႈံေရႊရည္တို့နဲ့အတူတူ ရိုက္ကူးခဲ့တဲ့ “တိမ္ေတြေပၚကပန္း” ရုပ္ရွင္ဇာတ္ကားေနာက္ကြယ္က ပံုရိပ္ေတြကို ျပသလာပါတယ္။ “တိမ္ေတြေပၚကပန္း” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ေတာင္ကိုရီးယားနိုင္ငံနဲ့ ျမန္မာနိုင္ငံ နွစ္နိုင္ငံပူးေပါင္းရိုက္ကူးတာျဖစ္ျပီး ဒါရိုက္တာစင္ေရာ္ေမာင္ေမာင္နဲ့ မင္းသန့္ေမာင္ေမာင္တို့ တြဲဖက္ျပီး (၂၀၁၉) ခုနွစ္က ရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။

“တိမ္ေတြေပၚကပန္း” ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ (၂၀၁၉) ခုနွစ္မွာပဲ ရံုတင္ျပသနိုင္ခဲ့တာျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ခဲနက္ရရိွခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ကားပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ မင္းသန့္ေမာင္ေမာင္ရဲ့ အနုပညာလက္ရာေတြပါဝင္တဲ့”တိမ္ေတြေပၚကပန္း” ရုပ္ရွင္ဇာတ္ကားၾကီးကို ၾကည္ဖူးရဲ့လား ေျပာျပေပးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Min Thant Mg Mg’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တောင်ကိုရီးယားမင်းသား Ryu Sang Wook၊ မြန်မာမင်းသမီး ဝတ်မှုံရွှေရည်တို့နဲ့အတူတူ ဆုံခဲ့ကြတဲ့ ရိုက်ကွင်းပေါ်ကအမှတ်တရတွေကို မျှဝေလာတဲ့ မင်းသန့်မောင်မောင်

နိုင်ငံကျော် အကယ်ဒမီများရှင် အနုပညာရှင်ကြီးတွေဖြစ်တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ မင်းသမီး မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသား မင်းသန့်မောင်မောင်ကတော့ မိဘနှစ်ပါးကြောင့် အနုပညာကို အသွေးထဲအသားထဲက ဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။ မင်းသန့်မောင်မောင်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ရုပ်ရှင်ဒါရိုက်တာ ပညာကို သင်ယူခဲ့ပြီးနောက် အခုဆိုရင် ဒါရိုက်တာတစ်ယောက်အဖြစ် မြန်မာနိုင်ငံမှာအခြေချ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင် ဒါရိုက်တာတစ်ယောက်အဖြစ် ကြော်ငြာတွေကိုရိုက်ကူးနေပြီဖြစ်တဲ့ မင်းသန့်မောင်မောင်က ဒီကနေ့မှာတော့ တောင်ကိုရီးယားမင်းသား Ryu Sang Wook၊ မြန်မာမင်းသမီး ဝတ်မှုံရွှေရည်တို့နဲ့အတူတူ ရိုက်ကူးခဲ့တဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားနောက်ကွယ်က ပုံရိပ်တွေကို ပြသလာပါတယ်။ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံပူးပေါင်းရိုက်ကူးတာဖြစ်ပြီး ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ မင်းသန့်မောင်မောင်တို့ တွဲဖက်ပြီး (၂၀၁၉) ခုနှစ်က ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ (၂၀၁၉) ခုနှစ်မှာပဲ ရုံတင်ပြသနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မင်းသန့်မောင်မောင်ရဲ့ အနုပညာလက်ရာတွေပါဝင်တဲ့”တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည်ဖူးရဲ့လား ပြောပြပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Min Thant Mg Mg’s fb
Bilie – Cele Connections