ႏိုင္ငံေက်ာ္ အႏုပညာရွင္ႏွစ္ေယာက္ျဖစ္တဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို႔ကေတာ့ ခ်စ္သူဘဝမွာတင္ မေမွ်ာ္လင့္ပဲ ရင္ေသြးေလးကို ရရွိခဲ့တာမို႔ ႏွစ္ဖက္မိဘေတြ သေဘာတူၾကည္ျဖဴစြာနဲ႔ ေ႐ႊလက္တြဲ လက္ထပ္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ စည္ၿဖိဳးနဲ႔ ခင္လႊမ္းက ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၅) ရက္ေန႔မွာေတာ့ မဂၤလာလက္မွတ္ထိုးခဲ့ၿပီျဖစ္ၿပီး အခုဆိုရင္ တစ္အိုးတစ္အိမ္တည္ေထာင္ကာ ႏွစ္ကိုယ္တူဘဝေလးကို စတင္ေနၿပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနနဲ႔လ ေ႐ႊနဲ႔ျမလို လိုက္ဖက္လြန္းတဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္းအတြက္ ေကာင္းခ်ီးေပး ဂုဏ္ျပဳေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ စည္ၿဖိဳးက အဆင့္ျမင့္အိမ္ယာထဲရွိ ေနအိမ္ေလးတစ္လုံးရရွိခဲ့ေၾကာင္းကို “အပူပင္ကင္းၿပီး သာယာၿငိမ္းေအးတဲ့ ပတ္ဝန္းက်င္ေလးတစ္ခု.. ေဖႀကီးနဲ႔ေမႀကီး ေမတၱာလမ္းခင္းလို႔ လက္ဖြဲ႕ခဲ့တယ္။ အတိုင္းမသိပါ။ ရင္ထဲ ကေလးေလးေဆာ့ေနမွာ ျမင္ေယာင္မိတယ္ .” ဆိုၿပီး ေျပာလာပါတယ္။ ခင္လႊမ္းကလည္း ေယာကၡမေတြရဲ႕ ေမတၱာလက္ေဆာင္ကို “ေမတၱာအျပည့္နဲ႔ေပးတဲ့ ေမတၱာ အရိပ္ၿမဳံေလး 🥰 သားသမီးဝတၱရား အသက္ထက္ဆုံး ေက်ပြန္သြားပါ့မယ္ရွင္ 🙏🙏🙏” ဆိုျပီး ေက်းဇူးတင္ ဝမ္းသာစကား ေျပာထားပါတယ္။

စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ကေတာ့ မိဘေတြေပးတဲ့ အသိုက္အျမံဳေလးမွာ သားသမီးေတြနဲ့ ေပ်ာ္စရာေကာင္းတဲ့ ဘဝေလးကို တည္ေဆာက္သြားၾကမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ကိုၾကည့္ျပီး အားက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khin Hlwan & Si Phyo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိဘနှစ်ပါးဆီက အဆင့်မြင့်အိမ်ယာထဲရှိ နေချင်စဖွယ်အိမ်လေးတစ်လုံး မင်္ဂလာလက်ဖွဲ့ရရှိခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်း

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝမှာတင် မမျှော်လင့်ပဲ ရင်သွေးလေးကို ရရှိခဲ့တာမို့ နှစ်ဖက်မိဘတွေ သဘောတူကြည်ဖြူစွာနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာတော့ မင်္ဂလာလက်မှတ်ထိုးခဲ့ပြီဖြစ်ပြီး အခုဆိုရင် တစ်အိုးတစ်အိမ်တည်ထောင်ကာ နှစ်ကိုယ်တူဘဝလေးကို စတင်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းအတွက် ကောင်းချီးပေး ဂုဏ်ပြုနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စည်ဖြိုးက အဆင့်မြင့်အိမ်ယာထဲရှိ နေအိမ်လေးတစ်လုံးရရှိခဲ့ကြောင်းကို “အပူပင်ကင်းပြီး သာယာငြိမ်းအေးတဲ့ ပတ်ဝန်းကျင်လေးတစ်ခု.. ဖေကြီးနဲ့မေကြီး မေတ္တာလမ်းခင်းလို့ လက်ဖွဲ့ခဲ့တယ်။ အတိုင်းမသိပါ။ ရင်ထဲ ကလေးလေးဆော့နေမှာ မြင်ယောင်မိတယ် .” ဆိုပြီး ပြောလာပါတယ်။ ခင်လွှမ်းကလည်း ယောက္ခမတွေရဲ့ မေတ္တာလက်ဆောင်ကို “မေတ္တာအပြည့်နဲ့ပေးတဲ့ မေတ္တာ အရိပ်မြုံလေး 🥰 သားသမီးဝတ္တရား အသက်ထက်ဆုံး ကျေပွန်သွားပါ့မယ်ရှင် 🙏🙏🙏” ဆိုပြီး ကျေးဇူးတင် ဝမ်းသာစကား ပြောထားပါတယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ မိဘတွေပေးတဲ့ အသိုက်အမြုံလေးမှာ သားသမီးတွေနဲ့ ပျော်စရာကောင်းတဲ့ ဘဝလေးကို တည်ဆောက်သွားကြမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကိုကြည့်ပြီး အားကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Hlwan & Si Phyo’s fb
Bilie – Cele Connections