သရုပ္ေဆာင္ ထြန္းကိုကိုကေတာ့ သရုပ္ေဆာင္ေကာင္းသလို ရုပ္ရည္ေခ်ာေမာရံုသာမက ပရိသတ္ေတြရဲ့ အားေပးမႈကို တစ္ခဲနက္ပိုင္ဆိုင္ထားတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ ထြန္းကိုကိုက Covid-19 ေရာဂါပိုးကူးစက္ခံခဲ့တာေၾကာင့္ ေဆးရံုမွာ ေဆးကုသမႈခံယူခဲ့ရျပီး ဒီကေန့ နိုဝင္ဘာလ (၇) ရက္ေန့မွာေတာ့ ေဆးရံုက ျပန္ဆင္းလာခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ထြန္းကိုကိုက ေဆးရံုေပၚက ဆင္းလ်င္ဆင္းခ်င္းပဲ ဖုန္းဆက္ေခၚခဲ့တာေၾကာင့္ ေဆးရံုကို ျပန္သြားခဲ့ရတဲ့အေၾကာင္းအရင္းကို စိတ္ပူေနၾကတဲ့ သူ့ရဲ့ ပရိသတ္ေတြဆီ အခုလိုပဲ ေျပာျပလာခဲ့ပါတယ္။

“မင္း.. ၁၈ ႏွစ္ျပည့္ၿပီလား ? မင္း.. မဲေပးခြင့္ရွိၿပီလား ? ဆရာမေတြက ကြ်န္ေတာ့ကို ၁၈ ႏွစ္မျပည့္ေသးဘူးထင္လို႔ ျပန္ခိုင္းလိုက္တာ။ ႐ုံးျပန္ေရာက္ေတာ့မွ ဖုန္းဆက္ၿပီး ျပန္လာပါဦးတဲ့။ အခု ေတာ့ ေဆး႐ုံ မွာ၁၈ ရက္ေျမာက္တဲ့ေန႔ ေဆး႐ုံကဆင္းၿပီးျပန္ေရာက္မွ ေဆး႐ုံကို ျပန္သြားၿပီး မဲေပး လိုက္ရတယ္။ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ တာဝန္ေက်သြားၿပီ ❤️❤️❤️” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာျပလာတာပဲ ျဖစ္ပါတယ္။

ထြန္းကိုကိုကေတာ့ ေဆးရံုကို ျပန္သြားခဲ့ရတယ္ဆိုတာေၾကာင့္ ေဆးစစ္ခ်က္အေျဖမွားယြင္းမႈမ်ားျဖစ္သလားလို့ ပရိသတ္ေတြက စိတ္ပူေနၾကေပမယ့္ ထြန္းကိုကိုကေတာ့ အေၾကာင္းအရင္းမွန္ကို ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yanpaing Tunko’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စိတ်ပူနေကြတဲ့ပရိသတ်တွေအတွက် ဆေးရုံကိုဒုတိယအကြိမ်ပြန်သွားခဲ့ရတဲ့ အကြောင်းအရင်းမှန်ကို ရှင်းပြလာတဲ့ ထွန်းကိုကို

သရုပ်ဆောင် ထွန်းကိုကိုကတော့ သရုပ်ဆောင်ကောင်းသလို ရုပ်ရည်ချောမောရုံသာမက ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ထွန်းကိုကိုက Covid-19 ရောဂါပိုးကူးစက်ခံခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဒီကနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှာတော့ ဆေးရုံက ပြန်ဆင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထွန်းကိုကိုက ဆေးရုံပေါ်က ဆင်းလျင်ဆင်းချင်းပဲ ဖုန်းဆက်ခေါ်ခဲ့တာကြောင့် ဆေးရုံကို ပြန်သွားခဲ့ရတဲ့အကြောင်းအရင်းကို စိတ်ပူနေကြတဲ့ သူ့ရဲ့ ပရိသတ်တွေဆီ အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“မင်း.. ၁၈ နှစ်ပြည့်ပြီလား ? မင်း.. မဲပေးခွင့်ရှိပြီလား ? ဆရာမတွေက ကျွန်တော့ကို ၁၈ နှစ်မပြည့်သေးဘူးထင်လို့ ပြန်ခိုင်းလိုက်တာ။ ရုံးပြန်ရောက်တော့မှ ဖုန်းဆက်ပြီး ပြန်လာပါဦးတဲ့။ အခု တော့ ဆေးရုံ မှာ၁၈ ရက်မြောက်တဲ့နေ့ ဆေးရုံကဆင်းပြီးပြန်ရောက်မှ ဆေးရုံကို ပြန်သွားပြီး မဲပေး လိုက်ရတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေသွားပြီ ❤️❤️❤️” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာတာပဲ ဖြစ်ပါတယ်။

ထွန်းကိုကိုကတော့ ဆေးရုံကို ပြန်သွားခဲ့ရတယ်ဆိုတာကြောင့် ဆေးစစ်ချက်အဖြေမှားယွင်းမှုများဖြစ်သလားလို့ ပရိသတ်တွေက စိတ်ပူနေကြပေမယ့် ထွန်းကိုကိုကတော့ အကြောင်းအရင်းမှန်ကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yanpaing Tunko’s fb
Bilie – Cele Connections