


Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အရှက်အကြောက်ကြီးလွန်းတဲ့ မမဆောင်းကို ရှက်သွေးဖြာသွားစေနိုင်တဲ့အထိ ဆေးကြီးကြီးထိုးစနောက်ခဲ့တဲ့ ယုန်လေး

နိုင်ငံကျော် အနုပညာရှင် ယုန်လေးကတော့ အနုပညာအလုပ်တွေအပေါ်မှာလည်း သူများတကာထက် ကြိုးစားလုပ်ကိုင်သလို ပရဟိတစိတ်လည်း ပြင်းထန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့ ငယ်ရွယ်စဉ်အချိန်ကတည်းက မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရတဲ့အပြင် ခင်တွယ်စရာ မောင်နှမသွေးသားတွေလည်းမရှိတာကြောင့် သူခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို မိသားစုလို သဘောထား ဆက်ဆံသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ယုန်လေးက သူခင်တွယ်သလိုပဲ မိတ်ဆွေ သူငယ်ချင်းတွေဆီကလည်း ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ယုန်လေးက လက်ရှိနာမည်ကြီးနေတဲ့ ဆယ်လီ မမဆောင်းနဲ့ အပြင်မှာဆုံတွေ့ရလို့ ဟန်မဆောင်နိုင်လောက်အောင်ကို ပြုံးရွှင်နေတာကို အခုလိုပဲ တွေ့ရပါတယ်။ ယုန်လေးက မမဆောင်းကို “ကျွန်တော် ရဲ့ Offical ကိုချပြပါပြီ။ ချစ်ဆုံးကြီးနဲ့ တွေ့ရတော့ မျက်ခွက်ကိုဖြီးနေတာ 🤣🤣🤣🤣🥰🥰🥰🥰🥰 မမဆောင်းကို မထိနဲ့နော် OG တွေနဲ့ငြိမယ် 🤣” ဆိုပြီး သူ့ရဲ့ ထုံးစံအတိုင်း ဆေးကြီးကြီးထိုးပြီး စနောက်ထားတာကို တွေ့ရပါတယ်။

ယုန်လေးကတော့ ခင်မင်တဲ့သူတွေကို မစနောက်ရရင် မနေနိုင်တဲ့အတိုင်း အရှက်အကြောက်ကြီးလွန်းတဲ့ မမဆောင်းကို စနောက်ပြီး ကျီစယ်ထားတာ ဖြစ်ပါတယ်။ မမဆောင်းတစ်ယောက်လည်း ယုန်လေးရဲ့ စကားကြောင့် ဘယ်လောက်တောင် ရှက်သွေးဖြာနေမလဲ မသိဘူးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Bilie – Cele Connections