အခုလက္ရိွ MRTV-4 ရုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသေနတဲ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲကေတာ့ တစ္ပိုင္းျပီးတစ္ပိုင္းမွာ အရိွန္အဟုန္ေတြ ျမင့္တင္လာျပီး မၾကာခင္အခ်ိန္အတြင္းမွာ ဇာတ္သိမ္းပိုင္းကို ေရာက္ရိွေတာ့မွာပဲ ျဖစ္ပါတယ္။။ ဇာတ္လမ္းဇာတ္အိမ္က ေတာင့္တင္းခိုင္မာသလို ပါဝင္က်တဲ့ သရုပ္ေဆာင္ေတြကလည္း အပိုအလိုမရိွ သရုပ္ေဆာင္ခဲ့တာေၾကာင့္ ေသေသသပ္သပ္နဲ့ ၾကည့္လို့ေကာင္းတဲ့ ဇာတ္လမ္းတြဲတစ္ခုပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ “ထူးျမတ္ပိုင္” ဆိုတဲ့ သူေဌးသား ကုမၸဏီပိုင္ရွင္ သူေဌးသားေလးအျဖစ္ သရုပ္ေဆာင္တဲ့ မင္းဘုန္းျမတ္ကလည္း ပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားဆံုးခံေနရတာပဲ ျဖစ္ပါတယ္။

မာယာလွည့္ကြက္” ဇာတ္လမ္းတြဲရဲ့ အဓိက မင္းသား မင္းသမီးေတြျဖစ္ၾကတဲ့ ပိုးၾကာျဖဴခင္နဲ့ မင္းဘုန္းျမတ္တို့က လက္ရိွမွာေတာ့ ပရိသတ္ေတြရဲ့ အာရံုစိုက္မႈကို ခံေနရသလို အနုပညာလႈပ္ရွားမႈ ေတာ္ေတာ္မ်ားမ်ားကိုလည္း အတူတကြ လုပ္ကိုင္ေနရတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ မင္းဘုန္းျမတ္က ပိုးၾကာျဖဴခင္ရဲ့ ေနအိမ္မွာပဲ ေၾကာ္ျငာေလးတစ္ခုကို ရိုက္ကူးေနရင္း မာယာလွည့္ကြက္” ဇာတ္လမ္းတြဲထဲက သရုပ္ေဆာင္ေတြကို ဖုန္းေခၚျပီး Live လႊင့္ျပီးျပသလာပါတယ္။

မင္းဘုန္းျမတ္နဲ့ ပိုးၾကာျဖဴခင္တုိ့ကေတာ့ “မာယာလွည့္ကြက္” ဇာတ္လမ္းတြဲမွာ အတြဲညီညီ သရုပ္ေဆာင္ခဲ့ၾကသလို လက္ရိွမွာလည္း မတူညီတဲ့ အနုပညာလႈပ္ရွားမႈေတြမွာ အေပးအယူမွ်မွ်နဲ့ သရုပ္ေဆာင္ၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မင္းဘုန္းျမတ္နဲ့ ပိုးၾကာျဖဴခင္တို့ ေၾကာ္ျငာေလး ထြက္ရိွလာရင္ အားေပးၾကဖို့ မေမ့ပါနဲ့ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: MinPhone Myat’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပိုးကြာဖြူခင်နဲ့အတူ ကြော်ငြာလေးတစ်ခုကို ရိုက်ကူးနေရင်း မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကို ဖုန်းခေါ်ပြီး Live လွှင့်ခဲ့တဲ့ မင်းဘုန်းမြတ်

အခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကတော့ တစ်ပိုင်းပြီးတစ်ပိုင်းမှာ အရှိန်အဟုန်တွေ မြင့်တင်လာပြီး မကြာခင်အချိန်အတွင်းမှာ ဇာတ်သိမ်းပိုင်းကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။။ ဇာတ်လမ်းဇာတ်အိမ်က တောင့်တင်းခိုင်မာသလို ပါဝင်ကျတဲ့ သရုပ်ဆောင်တွေကလည်း အပိုအလိုမရှိ သရုပ်ဆောင်ခဲ့တာကြောင့် သေသေသပ်သပ်နဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် “ထူးမြတ်ပိုင်” ဆိုတဲ့ သူဌေးသား ကုမ္ပဏီပိုင်ရှင် သူဌေးသားလေးအဖြစ် သရုပ်ဆောင်တဲ့ မင်းဘုန်းမြတ်ကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးခံနေရတာပဲ ဖြစ်ပါတယ်။

မာယာလှည့်ကွက်” ဇာတ်လမ်းတွဲရဲ့ အဓိက မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ပိုးကြာဖြူခင်နဲ့ မင်းဘုန်းမြတ်တို့က လက်ရှိမှာတော့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရသလို အနုပညာလှုပ်ရှားမှု တော်တော်များများကိုလည်း အတူတကွ လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းဘုန်းမြတ်က ပိုးကြာဖြူခင်ရဲ့ နေအိမ်မှာပဲ ကြော်ငြာလေးတစ်ခုကို ရိုက်ကူးနေရင်း မာယာလှည့်ကွက်” ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေကို ဖုန်းခေါ်ပြီး Live လွှင့်ပြီးပြသလာပါတယ်။

မင်းဘုန်းမြတ်နဲ့ ပိုးကြာဖြူခင်တို့ကတော့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြသလို လက်ရှိမှာလည်း မတူညီတဲ့ အနုပညာလှုပ်ရှားမှုတွေမှာ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းဘုန်းမြတ်နဲ့ ပိုးကြာဖြူခင်တို့ ကြော်ငြာလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: MinPhone Myat’s fb
Bilie – Cele Connections