


Source: Si Phyo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မိန်းမရပြီး အိမ်ထောင်သည်ဖြစ်သွားပေမယ့်လည်း မိဘတွေအပေါ် အချစ်မလျော့လို့ ခွဲပြီးတောင်မနေနိုင်ဘူးဆိုတဲ့ စည်ဖြိုး

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စည်ဖြိုးကတော့ ဘဝကို အေးအေးချမ်းချမ်းသာ ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။ အနုပညာအလုပ်၊ စီးပွားရေးအလုပ်တွေမှာလည်း အောင်မြင်ပြီးသား စည်ဖြိုးကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အချစ်ရေးကိုလည်း အဖုအထစ်မရှိပဲ တည်ဆောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စည်ဖြိုးရဲ့ချစ်သူ ခင်လွှမ်းကလည်း အနုပညာအသိုင်းအဝိုင်းထဲကဖြစ်ပြီး စည်ဖြိုးနဲ့ စိတ်တူကိုယ်တူရှိသူလေးမို့ ပရိသတ်တွေက နေနဲ့လ ရွှေနဲ့မြလို့ သက်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့ကပဲ ချစ်သူနဲ့ မင်္ဂလာလက်မှတ်ထိုး လက်ထပ်ခဲ့တဲ့ စည်ဖြိုးက အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စည်ဖြိုးက အိမ်ထောင်ကျသွားပေမယ့်လည်း မိဘတွေအပေါ် အချစ်မလျော့ကြောင်းကို “တစ်ညလုံးစဉ်းစားပြီးချိန်မှာ မိန်းမရလည်း မိဘနဲ့မခွဲနိုင်ဘူး။ မိန်းမကလည်း အလုပ်ကိစ္စသာ စဆရကလုပ်တာ ကျန်တာ ကိုယ့်သဘော အတိုင်းအေးဆေးပဲ.. Luv U မေကြီးဖေကြီး…” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ခင်လွှမ်းကတော့ စည်ဖြိုးနဲ့ ချစ်သူဘဝကတည်းက တစ်အိမ်တည်း အတူတူနေခဲ့တာမို့ စည်ဖြိုးရဲ့ မိဘနှစ်ပါးနဲ့လည်း မိဘအရင်းသဖွယ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးတို့ မိသားစုလေး အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပြီး အေးချမ်းမှုတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo’s fb
Bilie – Cele Connections