မိန္းကေလးေတြတိုင္း ခ်စ္ၾကတဲ့ မင္းသားေခ်ာ စည္ျဖိဳးကေတာ့ အခုဆုိရင္ သူ့ဘဝရဲ့ လက္တြဲေဖာ္ ခင္လႊမ္းနဲ့ နွစ္ကိုယ္တည္ ဘဝေလးကို တည္ေဆာက္ျပီး လက္ထပ္ျပီးစီးခဲ့ၾကျပီပဲ ျဖစ္ပါတယ္။ စည္ျဖိဳးနဲ့ ခင္လႊမ္းတို့က ခ်စ္သူဘဝမွာပဲ ရင္ေသြးရရိွခဲ့တာေၾကာင့္ မဂၤလာပြဲကို ရုတ္တရက္ျပဳလုပ္ခဲ့တာျဖစ္ျပီး မေန့က နိုဝင္ဘာလ (၅) ရက္ေန့မွာေတာ့ ဂုဏ္သေရရိွလူၾကီးမိဘေတြနဲ့ မိတ္ေဆြမ်ားေရွ့ေမွာက္မွာ မဂၤလာလက္မွတ္ထိုး လက္ထပ္ခဲ့ျပီပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ၾကင္စဦးဇနီးေမာင္နွံအျဖစ္သို့ ေရာက္ရိွေနျပီျဖစ္တဲ့ စည္ျဖိဳးတို့ ဇနီးေမာင္နွံက သူတို့နွစ္ေယာက္ရဲ့ စိတ္ကူးယဥ္အိမ္မက္ေတြ အမွန္တကယ္ျဖစ္လာလို့ ဝမ္းသာေနၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ စည္ျဖိဳးက “ဝမ္းနည္းဝမ္းသာပီတိနဲ႕ နွစ္ေယာက္သား တစ္ေယာက္လက္တစ္ေယာက္ကိုင္ ပုလဲခမိတဲ႕ အခိုက္တန့္ … ..” ဆိုျပီး မဂၤလာပြဲၾကီးျပီးဆံုးသြားျပီး အၾကင္လင္မယားျဖစ္သြားခ်ိန္မွာ တစ္ေယာက္လက္တစ္ေယာက္ကိုင္ျပီး မ်က္ရည္ေတြက်ခဲ့မိတယ္ဆိုတဲ့အေၾကာင္းကို ေျပာျပလာပါတယ္။

စည္ျဖိဳးနဲ့ ခင္လႊမ္းတို့ကေတာ့ အၾကင္လင္မယားအျဖစ္ ေအးခ်မ္းတဲ့ဘဝေလးကို တည္ေဆာက္သြားၾကမွာျဖစ္ျပီး မၾကာခင္လူ့ေလာကထဲေရာက္ရိွလာမယ့္ ရင္ေသြးေလးအတြက္ အစစအရာရာ ျပင္ဆင္ဂရုစိုက္ေနၾကတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Si Phyo ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်္ဂလာပွဲကြီးပြီးဆုံးသွားပြီး အကြင်လင်မယားဖြစ်သွားချိန်မှာ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး မျက်ရည်တွေကျခဲ့ရတယ်ဆိုတဲ့ စည်ဖြိုး

မိန်းကလေးတွေတိုင်း ချစ်ကြတဲ့ မင်းသားချော စည်ဖြိုးကတော့ အခုဆိုရင် သူ့ဘဝရဲ့ လက်တွဲဖော် ခင်လွှမ်းနဲ့ နှစ်ကိုယ်တည် ဘဝလေးကို တည်ဆောက်ပြီး လက်ထပ်ပြီးစီးခဲ့ကြပြီပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့က ချစ်သူဘဝမှာပဲ ရင်သွေးရရှိခဲ့တာကြောင့် မင်္ဂလာပွဲကို ရုတ်တရက်ပြုလုပ်ခဲ့တာဖြစ်ပြီး မနေ့က နိုဝင်ဘာလ (၅) ရက်နေ့မှာတော့ ဂုဏ်သရေရှိလူကြီးမိဘတွေနဲ့ မိတ်ဆွေများရှေ့မှောက်မှာ မင်္ဂလာလက်မှတ်ထိုး လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကြင်စဦးဇနီးမောင်နှံအဖြစ်သို့ ရောက်ရှိနေပြီဖြစ်တဲ့ စည်ဖြိုးတို့ ဇနီးမောင်နှံက သူတို့နှစ်ယောက်ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေ အမှန်တကယ်ဖြစ်လာလို့ ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်ဖြိုးက “ဝမ်းနည်းဝမ်းသာပီတိနဲ့ နှစ်ယောက်သား တစ်ယောက်လက်တစ်ယောက်ကိုင် ပုလဲခမိတဲ့ အခိုက်တန့် … ..” ဆိုပြီး မင်္ဂလာပွဲကြီးပြီးဆုံးသွားပြီး အကြင်လင်မယားဖြစ်သွားချိန်မှာ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး မျက်ရည်တွေကျခဲ့မိတယ်ဆိုတဲ့အကြောင်းကို ပြောပြလာပါတယ်။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ အကြင်လင်မယားအဖြစ် အေးချမ်းတဲ့ဘဝလေးကို တည်ဆောက်သွားကြမှာဖြစ်ပြီး မကြာခင်လူ့လောကထဲရောက်ရှိလာမယ့် ရင်သွေးလေးအတွက် အစစအရာရာ ပြင်ဆင်ဂရုစိုက်နေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Si Phyo ‘s fb
Bilie – Cele Connections