


Source: G Vocals’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

မိဘတွေရဲ့လောင်းရိပ်အောက်ကထွက်ပြီး ကိုယ်ပိုင်တည်ထောင်ထားတဲ့ လက်ဝတ်ရတနာအမှတ်တံဆိပ်အတွက် ကြော်ငြာဓာတ်ပုံရိုက်ကူးနေတဲ့ G

ရန်ကုန်မြို့က နာမည်ကြီး ရတနာဆိုင်ပိုင်ရှင်ကြီးရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ G ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို တဖြည်းဖြည်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ G ကတော့ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်သာရှိသေးပေမယ့် ပရဟိတစိတ်ပြင်းထန်သူတစ်ယောက်ဖြစ်တာမို့ သူမရဲ့ ငွေကြေးချမ်းသာမှုနဲ့ ဂုဏ်ပကာသနတွေကို မေ့ထားပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး ရတနာဆိုင်ပိုင်ရှင်ရဲ့သမီးပီပီ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ကိုင်နေပြီဖြစ်တဲ့ G က ဒီကနေ့မှာတော့ သူမရဲ့ ကိုယ်ပိုင်တည်ထောင်ထားတဲ့ လက်ဝတ်ရတနာအမှတ်တံဆိပ်အတွက် ကြော်ငြာဓာတ်ပုံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ G ကတော့ “ဒီနေ့ photoshoot က ညီမကိုယ်တိုင် စထောင်ထားတဲ့ jewelry brand လေးအတွက်ပါ။ Celeste Jewels လို့ခေါ်ပါတယ်။” ဆိုပြီး သူမရဲ့ Brand လေးကို မိတ်ဆက်ပေးလာခဲ့ပါတယ်။

G ကတော့ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း မိဘတွေရဲ့ လောင်းရိပ်အောက်က ထွက်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: G Vocals’s fb
Bilie – Cele Connections