ကေလးအ႐ြယ္ကတည္းက ျပန္ဆိုေတးသီခ်င္းေလးေတြနဲ႔ လူသိမ်ား ထင္ရွားခဲ့တဲ့ ေမလသံစဥ္ကေတာ့ အ႐ြယ္နဲ႔မလိုက္တဲ့ အႏုပညာအရည္အခ်င္းကို ရရွိပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ေမလသံစဥ္က တကၠသိုလ္ဝင္တန္းစာေမးပြဲေအာင္ျမင္ၿပီးခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြအေပၚ ပိုမိုအာ႐ုံစိုက္လာတဲ့ ေမလသံစဥ္ကေတာ့ သူမရဲ႕ ကိုယ္ပိုင္အယ္လ္ဘမ္တစ္ခုကိုလည္း ေအာင္ေအာင္ျမင္ျမင္နဲ႔ ထုတ္လုပ္ႏိုင္ခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ ေမလသံစဥ္ကေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ေလးမွာတင္ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိပိုင္ဆိုင္ေနတဲ့ အႏုပညာရွင္ေလးျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။

လက္ရွိ အႏုပညာအလုပ္ေတြ နည္းပါးခ်ိန္မွာေတာ့ Live လႊင့္ၿပီး ေဈးေရာင္းေပးေနတဲ့ ေမလသံစဥ္က လူငယ္ဆိုေပမယ့္ ရရွိသမွ် အႏုပညာေၾကးေတြကို တစ္ျပားတစ္ခ်ပ္မွ မသုံးစြဲပဲ ကိုဗစ္တိုက္ဖ်က္ေရးအတြက္ လႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ေမလသံစဥ္က “ေမလ Live လႊင့္ေဈးေရာင္းလို႔ရတဲ့ အႏုပညာေၾကးေလးေတြနဲ႔ ေ႐ႊသမီး စိန္ေ႐ႊရတနာဆိုင္ တို႔ပူးေပါင္းၿပီး🎊 ဧရာဝတီေဖာင္ေဒးရွင္း Covid-19 ကုသေရးမွာ လိုအပ္ေနတဲ့ Oxygen Concentrator စက္ -3 လုံး (တန္ဖိုးေငြက်ပ္ ၂၂ သိန္း ၈ ေသာင္း) ကို ဒီေန႔လႉဒါန္းခဲ့ပါတယ္🙏🙏🙏” ဆိုၿပီး သူမရဲ႕ ပီတိေလးကို မွ်ေဝေပးလာပါတယ္။

ေမလသံစဥ္ကေတာ့ လူငယ္ဆိုေပမယ့္ အေပ်ာ္အပါး ပကာသနေတြထက္ အမ်ားအက်ိဳးကိုသာ ၾကည့္တတ္တဲ့ လူေတာ္လူေကာင္းေလးတစ္ေယာက္ဆိုတာ ယုံမွားဖြယ္မရွိပါဘူးေနာ္။ ပရိသတ္ႀကီးလည္း ေမလသံစဥ္ရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦး။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: ေမလသံစဥ္ May Melody’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူငယ်ဖြစ်ပေမယ့် ရရှိသမျှ အနုပညာကြေးတွေကို တစ်ပြားတစ်ချပ်မှ မသုံးစွဲပဲ ဧရာဝတီဖောင်ဒေးရှင်းမှာ လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

ကလေးအရွယ်ကတည်းက ပြန်ဆိုတေးသီချင်းလေးတွေနဲ့ လူသိများ ထင်ရှားခဲ့တဲ့ မေလသံစဉ်ကတော့ အရွယ်နဲ့မလိုက်တဲ့ အနုပညာအရည်အချင်းကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မေလသံစဉ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးချိန်မှာတော့ အနုပညာအလုပ်တွေအပေါ် ပိုမိုအာရုံစိုက်လာတဲ့ မေလသံစဉ်ကတော့ သူမရဲ့ ကိုယ်ပိုင်အယ်လ်ဘမ်တစ်ခုကိုလည်း အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ မေလသံစဉ်ကတော့ ဆယ်ကျော်သက်အရွယ်လေးမှာတင် အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်နေတဲ့ အနုပညာရှင်လေးဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

လက်ရှိ အနုပညာအလုပ်တွေ နည်းပါးချိန်မှာတော့ Live လွှင့်ပြီး ဈေးရောင်းပေးနေတဲ့ မေလသံစဉ်က လူငယ်ဆိုပေမယ့် ရရှိသမျှ အနုပညာကြေးတွေကို တစ်ပြားတစ်ချပ်မှ မသုံးစွဲပဲ ကိုဗစ်တိုက်ဖျက်ရေးအတွက် လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေလသံစဉ်က “မေလ Live လွှင့်ဈေးရောင်းလို့ရတဲ့ အနုပညာကြေးလေးတွေနဲ့ ရွှေသမီး စိန်ရွှေရတနာဆိုင် တို့ပူးပေါင်းပြီး🎊 ဧရာဝတီဖောင်ဒေးရှင်း Covid-19 ကုသရေးမှာ လိုအပ်နေတဲ့ Oxygen Concentrator စက် -3 လုံး (တန်ဖိုးငွေကျပ် ၂၂ သိန်း ၈ သောင်း) ကို ဒီနေ့လှူဒါန်းခဲ့ပါတယ်🙏🙏🙏” ဆိုပြီး သူမရဲ့ ပီတိလေးကို မျှဝေပေးလာပါတယ်။

မေလသံစဉ်ကတော့ လူငယ်ဆိုပေမယ့် အပျော်အပါး ပကာသနတွေထက် အများအကျိုးကိုသာ ကြည့်တတ်တဲ့ လူတော်လူကောင်းလေးတစ်ယောက်ဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။ ပရိသတ်ကြီးလည်း မေလသံစဉ်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦး။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: မေလသံစဉ် May Melody’s fb
Bilie – Cele Connections