


ယူနီကုဒ်ဖြင့်ဖတ်ရန်

ဝေဘာဂီမှာ ဆေးရုံတက်နေရတယ်လို့ သဘောမထားပဲ တရားကျင့်စဉ်စခန်းဝင်နေရတယ်ဆိုပြီး သဘောထားကာ အချိန်ကုန်ဆုံးနေတဲ့ ထွန်းကိုကို

အလှမောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ထွန်းကိုကိုကတော့ (၂၀၁၃) ပြီးကတည်းက အောင်မြင်မှုတွေ တဖွဲဖွဲ ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထွန်းကိုကိုက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နိုင်ခဲ့ပြီး ကြော်ငြာတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ထွန်းကိုကိုကို ရုပ်ရည်ချောမောရုံသာမက ကြင်နာတတ်တဲ့ နှလုံးသားရှိတာကြောင့်လည်း ပိုပြီးချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဆရာသမား ကျော်သူကို ပြုစုစောင့်ရှောက်ရင်း Covid-19 ကူးစက်ခံခဲ့ရတဲ့ ထွန်းကိုကိုက ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေတာ ရက်ပေါင်း (၁၇) ရက်တောင် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ထွန်းကိုကိုကတော့ ဝေဘာဂီမှာ ဆေးရုံတက်နေရတယ်လို့ သဘောမထားပဲ တရားကျင့်စဉ်စခန်းဝင်နေရတယ်ဆိုပြီး သဘောထားကြောင်း “မှန်တွေ အထပ်ထပ်ကာတားတဲ့ ဝေဘာဂီကျင့်စဉ် စ ခန်း 🙏🙏🙏✌🏻✌🏻✌🏻” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ထွန်းကိုကိုကတော့ ဆေးရုံပေါ်မှာ အချိန်တွေကို အလကားမကုန်ဆုံးပစ်ပဲ အကျိုးရှိရှိ တရားအားထုတ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထွန်းကိုကိုတစ်ယောက် အမြန်ဆုံး ဆေးရုံက ဆင်းရဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yanpaing Tunko’s fb
Bilie – Cele Connections