


ယူနီကုဒ်ဖြင့်ဖတ်ရန်

ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့တွေ့မှ မသိမသာလေး ပြောင်းလဲလာခဲ့တဲ့အရာတစ်ခုကို ရိုးသားစွာဝန်ခံလာတဲ့ ရွှေမှုံရတီ

မင်းသမီးချောလေး ရွှေမှုံရတီကတော့ အထက်တန်းကျောင်းသူအရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ဆန်းနဲ့ ကြိုးစားမှုရလဒ်တွေကြောင့် တစ်နေ့တစ်ခြား အောင်မြင်လာတဲ့ ရွှေမှုံရတီက အသက်နှစ်ဆယ်စွန်းစွန်းအရွယ်မှာတင် နိုင်ငံကျော် ထိပ်တန်းမင်းသမီးဖြစ်လာခဲ့ပြီး တစ်ချိန်တည်းမှာတင် အိမ်ထောင်ပြု လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ အိမ်ထောင်ရှင် မင်းသမီးတစ်လက် ဖြစ်သွားပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို မလျော့စတမ်းရရှိနေပြီး တည်တံ့တဲ့နေရာတစ်ခုမှာ ဆက်လက်ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပြီးနောက် ရင့်ကျက်မှုတွေကို ပိုပြီး တည်ငြိမ်လာခဲ့တဲ့ ရွှေမှုံရတီက ဒီကနေ့မှာတော့ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့တွေ့မှ မသိမသာလေး ပြောင်းလဲလာခဲ့တဲ့ သူမရဲ့ အကြောင်းလေးကို ပြောပြလာပါတယ်။ ရွှေမှုံရတီကတော့ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးရင်း “🦋 သူ့အချစ်တွေနဲ့မှ ကိုယ် က နုပျိုလာတာမျိုး🦋” ဆိုပြီး ရိုးသားစွာဝန်ခံလာခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ ပြီးခဲ့တဲ့လအတွင်းကမှ အသက် (၂၂) နှစ်ပြည့်ခဲ့တာဖြစ်ပြီး သူမရဲ့ နုပျိုလှပမှုတွေကတော့ တစ်နေ့တစ်ခြား ပိုလို့တောင် တိုးလာတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ရွှေမှုံလေး နုပျိုလှပလာတာ ရွှေထူးရဲ့ အချစ်တွေကြောင့်ဆိုတဲ့ လျှို့ဝှက်ချက်ကို ပရိသတ်ကြီးလည်း သိသွားလောက်ပြီ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections