Source: Si Phyo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ ပက်သတ်ပြီး မရည်ရွယ်ပဲဖြစ်ခဲ့တဲ့ လိုအပ်ချက်တစ်ခုကို စိတ်ထဲကနေ ကန်တော့ပြီးတောင်းပန်လာတဲ့ စည်ဖြိုး
သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက်ညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝမှာပဲ ရင်သွေးလေးကို ရရှိခဲ့တာမို့ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ရုတ်တရက်ကြီး မင်္ဂလာဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၅) ရက်နေ့မှာတော့ စည်ဖြိုးတို့ဇနီးမောင်နှံက မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲလေးကို ကျင်းပခဲ့ပြီး ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေနဲ့အတူတူ ဆင်နုွှဲခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် စည်ဖြိုးကတော့ မင်္ဂလာလက်မှတ်ရေးထိုးပွဲနဲ့ ပက်သတ်ပြီး မရည်ရွယ်ပဲဖြစ်ခဲ့တဲ့ အမှားတစ်ခုရှိခဲ့တာကြောင့် တောင်းပန်သင့်တဲ့သူတွေကို အခုလိုပဲ တောင်းပန်လာပါတယ်။ “ကျွန်တော်မေ့ပြီး မဖိတ်လိုကိမိသူတွေအများကြီးဗျာ။ ခုမှတဖြည်းဖြည်းသတိရမိတာ။ မူးလည်းမူးနေပြီ။ အားလုံးစိတ်ထဲကပဲ ကန်တော့ပြီး တောင်းပန်လိုက်ပါတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မနက် (၂) နာရီကြီး တောင်းပန်ခဲ့တာပဲ ဖြစ်ပါတယ်။
စည်ဖြိုးတို့ဇနီးမောင်နှံကတော့ မင်္ဂလာလက်မှတ်ရေးထိုးပြီး တရားဝင်ဇနီးမောင်နှံဖြစ်ပြီဖြစ်ပြီး မကြာခင်မှာလည်း လက်ထပ်ပွဲကြီးကို ကျင်းပဦးမှာ ဖြစ်ပါတယ်။ စည်ဖြိုးရဲ့ မရည်ရွယ်ပဲဖြစ်သွားတဲ့ လိုအပ်ချက်တစ်ခုကို ခင်မင်ရသူတွေကို နားလည်ခွင့်လွှတ်ပေးကြမှာ သေချာပါတယ်။ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Si Phyo’s fb
Bilie – Cele Connections