


Source: Ar-T’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တိုင်းတစ်ပါးမှာ မြန်မာဆိုတာကို ဂုဏ်တင့်စေခဲ့တဲ့ သူငယ်ချင်း ဝတ်မှုံရွှေရည်အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတဲ့ Ar-T

နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြတဲ့ အဆိုတော် Ar-T နဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်တို့ကတော့ ကျင်လည်ရာ အနုပညာနယ်ပယ်ချင်းမတူညီကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း ဖေးဖေးမမရှိတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ Ar-T ကလည်း သူငယ်ချင်း ဝတ်မှုံရွှေရည်ရဲ့ အကောင်းဆုံး၊ အဆိုးဆုံးဆိုတဲ့ အချိန်တွေမှာ အတူတူရှိပေးခဲ့သလို ဝတ်မှုံရွှေရည်ကလည်း သူမရဲ့ သူငယ်ချင်း Ar-T ကို မောင်နှမလို မိသားစုလို သဘောထားတာပဲ ဖြစ်ပါတယ်။ Ar-T နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်က အဆိုရင် ဆယ်စုနှစ်တစ်စုတောင်ရှိပြီဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ခိုင်ခိုင်မြဲနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Ar-T က တိုင်းတစ်ပါးမှာ မြန်မာဆိုတာကို ဂုဏ်တင့်စေခဲ့တဲ့ သူငယ်ချင်း ဝတ်မှုံရွှေရည်အတွက် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတာကို တွေ့ရပါတယ်။ Ar-T က ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Bangkok International Documentary Awards 2020 အခမ်းအနားကြီး မှာ မြန်မာနိုင်ငံကိုယ်စားပြု အကဲဖြတ်ဒိုင်အဖြစ် ဖိတ်ကြားခံခဲ့ရတဲ့ ဝတ်မှုံရွှေရည်အတွက် ထပ်တူဝမ်းသာဂုဏ်ယူနေကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။

Ar-T ကတော့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ဝတ်မှုံရွှေရည်အတွက် ထပ်တူဝမ်းသာနေရှာတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်အတွက် Ar-T သာမကပဲ မြန်မာပရိသတ်တွေအားလုံး ဝမ်းသာနေမယ်လို့ ယုံကြည်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ar-T’s fb
Bilie – Cele Connections