ခ်စ္စဖြယ္အျပံုးေလးနဲ့ ပရိသတ္ေတြရဲ့ ရင္ကို ေအးျမေစသူေလး စိုးျပည့္သဇင္က အနုပညာေလာကရဲ့ ေတာက္ပတဲ့ ၾကယ္ပြင့္ေလးတစ္ပြင့္ပါပဲ။ အေနေအးျပီး တည္ျငိမ္ရင့္က်က္လြန္းတဲ့ စိုးျပည့္သဇင္ကို ပရိသတ္ေတြသာမက အနုပညာအသိုင္းအဝိုင္းကပါ မခ်စ္ပဲနဲ့ကို မေနနိုင္ပါဘူး။ စိုးျပည့္သဇင္ကေတာ့ အကယ္ဒမီဆုရွင္တစ္ေယာက္ျဖစ္ေပမယ့္ ဂုဏ္ပကာသနေထာင္လႊားျခင္းမရိွပဲ ရိုးရိုးေအးေအးေလးသာေနရင္း အလုပ္ေတြကို ၾကိဳးစားျပီး လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ အနုပညာအလုပ္ေတြကို ရပ္နားထားတဲ့ စိုးျပည့္သဇင္က ဒီကေန့မွာေတာ့ တြင္းပ်က္ျပီး ဘာကိုမွစားမဝင္တဲ့အထိ ေနမေကာင္းျဖစ္ေနရေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “ခ်ဥ္ခ်ဥ္စပ္စပ္ အရမ္းၾကိဳက္တဲ့သူက အခုခ်ဥ္စပ္မေျပာနဲ့.. ဆန္ျပဳတ္နဲ့ပဲ ဘယ္နွရက္ရိွျပီလဲ? ဘာစားခ်င္လို့ စားခ်င္မွန္းလည္းမသိ” ဆိုျပီး အိမ္ထဲကအိမ္ျပင္မထြက္ပဲနဲ့ကို ေနထိုင္မေကာင္းျဖစ္ေနတာပဲ ျဖစ္ပါတယ္။

စိုးျပည့္သဇင္ကေတာ့ စိုးရိမ္စရာအေနအထားမရိွေပမယ့္ သူမကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကေတာ့ စိုးရိမ္စိတ္ေတြနဲ့ စိုးျပည့္ေလးအတြက္ ပူပန္ေနၾကတာပဲ ျဖစ္ပါတယ္။ စိုးျပည့္တစ္ေယာက္ အျမန္ဆံုး ေနေကာင္းျပီး သက္သာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Soe Pyae Thazin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အိမ်ထဲကအိမ်ပြင်မထွက်ပဲနဲ့ကို ခံတွင်းပျက်ပြီး ဘာကိုမှစားမဝင်တဲ့အထိ နေမကောင်းဖြစ်နေရကြောင်း ပြောလာတဲ့ စိုးပြည့်သဇင်

ချစ်စဖွယ်အပြုံးလေးနဲ့ ပရိသတ်တွေရဲ့ ရင်ကို အေးမြစေသူလေး စိုးပြည့်သဇင်က အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပါပဲ။ အနေအေးပြီး တည်ငြိမ်ရင့်ကျက်လွန်းတဲ့ စိုးပြည့်သဇင်ကို ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းကပါ မချစ်ပဲနဲ့ကို မနေနိုင်ပါဘူး။ စိုးပြည့်သဇင်ကတော့ အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်ပေမယ့် ဂုဏ်ပကာသနထောင်လွှားခြင်းမရှိပဲ ရိုးရိုးအေးအေးလေးသာနေရင်း အလုပ်တွေကို ကြိုးစားပြီး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ စိုးပြည့်သဇင်က ဒီကနေ့မှာတော့ တွင်းပျက်ပြီး ဘာကိုမှစားမဝင်တဲ့အထိ နေမကောင်းဖြစ်နေရကြောင်း အခုလိုပဲ ပြောလာပါတယ်။ “ချဉ်ချဉ်စပ်စပ် အရမ်းကြိုက်တဲ့သူက အခုချဉ်စပ်မပြောနဲ့.. ဆန်ပြုတ်နဲ့ပဲ ဘယ်နှရက်ရှိပြီလဲ? ဘာစားချင်လို့ စားချင်မှန်းလည်းမသိ” ဆိုပြီး အိမ်ထဲကအိမ်ပြင်မထွက်ပဲနဲ့ကို နေထိုင်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ စိုးရိမ်စရာအနေအထားမရှိပေမယ့် သူမကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ စိုးရိမ်စိတ်တွေနဲ့ စိုးပြည့်လေးအတွက် ပူပန်နေကြတာပဲ ဖြစ်ပါတယ်။ စိုးပြည့်တစ်ယောက် အမြန်ဆုံး နေကောင်းပြီး သက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Pyae Thazin’s fb
Bilie – Cele Connections