မင္းသမီးေခ်ာ ခိုင္နွင္းေဝကေတာ့ လူေရာ စိတ္ပါ အျပစ္ေျပာစရာမလုိေအာင္ လွပသိမ္ေမြ့သူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္နွင္းေဝကေတာ့ ပထမအၾကိမ္ အိမ္ေထာင္ေရးမွာေတာ့ ကံမေကာင္းခဲ့ေပမယ့္ လက္ရိွမွာေတာ့ သူမကို အရမ္းခ်စ္ျပီး သူမရဲ့ ရပ္တည္မႈတိုင္းကို နံေဘးကေန အျပည့္အဝ ကူညီေဖးမေပးေနတဲ့ ခ်စ္သူေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားျပီပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝရဲ့ ခ်စ္သူ ကိုဇင္ျမင့္ေအာင္ကလည္း ခိုင္နွင္းေဝနဲ့ စိတ္ကူကုိယ္တူရိွျပီး ပရဟိတစိတ္ျပင္းထန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ေနနဲ့လ၊ ေရႊနဲ့ျမလိုက္ဖက္လြန္းတဲ့ စံုတြဲအျဖစ္ သက္မွတ္ထားၾကတာ ျဖစ္ပါတယ္။

သူမအေပၚ အရမ္းခ်စ္ရံုသာမက အရိပ္တၾကည့္ၾကည့္နဲ့ လိုေလေသးမရိွ ဂရုစိုက္တဲ့ ခ်စ္သူေကာင္းကို ပိုင္ဆိုင္ထားတဲ့ ခိုင္နွင္းေဝက ဒီတစ္ေခါက္မွာလည္း သူမရဲ့ ခ်စ္သူဆီက သီတင္းကြ်တ္လက္ေဆာင္ ရရိွခဲ့ေၾကာင္း ေဖ့စ္ဘုတ္ My Day မွာ မွ်ေဝေပးလာပါတယ္။ ခိုင္နွင္းေဝက သူမရဲ့ခ်စ္သူဆီက တဖ်က္ဖ်က္ေတာက္ပေနတဲ့ စိန္ေလာ့ကတ္ေလးတစ္ခုလက္ေဆာင္ရရိွခဲ့တာျဖစ္ျပီး ေလာ့ကတ္ေလးကလည္း ခိုင္နွင္းေဝနဲ့ အရမ္းကို လိုက္ဖက္လြန္းလွပါတယ္။

ခိုင္နွင္းေဝရဲ့ခ်စ္သူ ကိုဇင္ျမင့္ေအာင္ကေတာ့ ခ်စ္သူလည္တိုင္မွာ လွပေနတဲ့ စိန္ေလာ့ကတ္ေလးကိုၾကည့္ျပီး သေဘာက်ေနပံုပါပဲေနာ္။ ပရိသတ္ၾကီးလည္း စိတ္ထားေကာင္းလို့ ကံေကာင္းသူေလး ခိုင္နွင္းေဝကို အားက်ေနၾကျပီ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai & Zin Myint Aung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်သူဆီကနေ သီတင်းကျွတ်လက်ဆောင်အဖြစ် တဖျက်ဖျက်တောက်ပနေတဲ့ စိန်လော့ကတ်လေးတစ်ခု လက်ဆောင်ရရှိခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချော ခိုင်နှင်းဝေကတော့ လူရော စိတ်ပါ အပြစ်ပြောစရာမလိုအောင် လှပသိမ်မွေ့သူလေးတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပထမအကြိမ် အိမ်ထောင်ရေးမှာတော့ ကံမကောင်းခဲ့ပေမယ့် လက်ရှိမှာတော့ သူမကို အရမ်းချစ်ပြီး သူမရဲ့ ရပ်တည်မှုတိုင်းကို နံဘေးကနေ အပြည့်အဝ ကူညီဖေးမပေးနေတဲ့ ချစ်သူကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ချစ်သူ ကိုဇင်မြင့်အောင်ကလည်း ခိုင်နှင်းဝေနဲ့ စိတ်ကူကိုယ်တူရှိပြီး ပရဟိတစိတ်ပြင်းထန်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက နေနဲ့လ၊ ရွှေနဲ့မြလိုက်ဖက်လွန်းတဲ့ စုံတွဲအဖြစ် သက်မှတ်ထားကြတာ ဖြစ်ပါတယ်။

သူမအပေါ် အရမ်းချစ်ရုံသာမက အရိပ်တကြည့်ကြည့်နဲ့ လိုလေသေးမရှိ ဂရုစိုက်တဲ့ ချစ်သူကောင်းကို ပိုင်ဆိုင်ထားတဲ့ ခိုင်နှင်းဝေက ဒီတစ်ခေါက်မှာလည်း သူမရဲ့ ချစ်သူဆီက သီတင်းကျွတ်လက်ဆောင် ရရှိခဲ့ကြောင်း ဖေ့စ်ဘုတ် My Day မှာ မျှဝေပေးလာပါတယ်။ ခိုင်နှင်းဝေက သူမရဲ့ချစ်သူဆီက တဖျက်ဖျက်တောက်ပနေတဲ့ စိန်လော့ကတ်လေးတစ်ခုလက်ဆောင်ရရှိခဲ့တာဖြစ်ပြီး လော့ကတ်လေးကလည်း ခိုင်နှင်းဝေနဲ့ အရမ်းကို လိုက်ဖက်လွန်းလှပါတယ်။

ခိုင်နှင်းဝေရဲ့ချစ်သူ ကိုဇင်မြင့်အောင်ကတော့ ချစ်သူလည်တိုင်မှာ လှပနေတဲ့ စိန်လော့ကတ်လေးကိုကြည့်ပြီး သဘောကျနေပုံပါပဲနော်။ ပရိသတ်ကြီးလည်း စိတ်ထားကောင်းလို့ ကံကောင်းသူလေး ခိုင်နှင်းဝေကို အားကျနေကြပြီ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai & Zin Myint Aung’s fb
Bilie – Cele Connections