


ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်သောပရိသတ်တွေနဲ့ ယုံကြည်မှု သံယောဇဉ်တွေ တွယ်ငြိခဲ့တာ နှစ်ပေါင်း (၃၆) နှစ်ကျော်တိုင်ရှိခဲ့ပြီဆိုတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး

တစ်နိုင်ငံလုံးက ယောကျာ်း၊ မိန်းမ၊ လူကြီး၊ လူငယ် ပရိသတ်မရွေး သည်းသည်းလှုပ်ချစ်ကြတဲ့ ထက်ထက်မိုးဦးကတော့ မိုးကုတ်မြို့ကနေလာတဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံတွေကို ရိုက်ကူးပေးရင်းနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ကြော်ငြာလောကနဲ့ ရုပ်ရှင်လောကမှာပါ ကျင်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ကြော်ငြာပေါင်း ထောင်ချီရိုက်ကူးခဲ့ပြီး ဗီဒီယိုရုပ်ရှင်ဇာတ်ကားပေါင်း ရာနဲ့ချီရိုက်ကူးနိုင်တဲ့အထိ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုလက်ရှိ အသက် (၄၉) နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ သူမရဲ့ ပရိသတ်တွေနဲ့ သံယောဇဉ်တွေ အထပ်ထပ်ချည်နှောင်ထားခဲ့တာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက သူမရဲ့ ငယ်ဘဝဓာတ်ပုံလေးတစ်ခုကို မျှဝေပေးရင်း “ထက် နဲ့ ပရိသတ် ကြားမှာ ယုံကြည်မှု သံယောဇဉ်တွေ တွယ်ခဲ့ကြတာ (၃၆) နှစ်ကျော်ခဲ့ပြီနော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ အနုပညာလောကထဲကို အသက် (၁၃) နှစ်အရွယ်ကတည်းက ဝင်ရောက်ခဲ့တာမို့ အခုဆိုရင် အနုပညာသက်တမ်း (၃၆) နှစ်ကျော်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်က နောက်ထပ်အနုပညာလှုပ်ရှားမှုတွေ အများကြီးလုပ်ကိုင်မှာမို့ ပရိသတ်ကြီးက အရင်အတိုင်း အချစ်မလျော့ပဲ အားပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections